အပိုင်း (17.1)

3K 499 14
                                    

(17.1)

ချီဟန် စိတ်ကူးယဥ် ထားတဲ့ နေရာကို ရောက်လာတဲ့ အချိန်မှာတော့ တုံက စိုးရိမ်စွာနဲ့ ပြောလာခဲ့တယ်။

'' အားဟန် ။ ဒီနေရာမှာ ဂျိုရှည်အကောင်တွေ ရှိတာကို မတွေ့ရဘူးနော် ''

မိကျောင်းတွေကို အမဲမလိုက်နိုင်ခင် အချိန်က ဂျိုရှည်သားရဲ တွေဟာ မျိုးနွယ်စု အတွက် အဓိက အစားအစာ ပါပဲ။

ချီဟန်က သူ့ကို နှစ်သိမ့်လိုက်တယ်။

'' စိုးရိမ်မနေပါနဲ့။ ငါတို့သာ ဒီနေရာမှာ မျိုးနွယ်စု အသစ်တည်ထောင် လိုက်တာနဲ့ သားကောင်အတွက် စိတ်ပူနေစရာ မလိုပါဘူး။ တကယ်လို့ မင်းသာ ဂျိုရှည် သားကောင်တွေကို အမဲလိုက် ချင်နေသေးရင် ဘယ်သူမှ အမှတ်အသား မလုပ်ရသေးတဲ့ အများပိုင် မီးသစ်တောတွေ  ထဲကို သွားပြီး အမဲလိုက်လို့ ရတယ်လေ။ ပြီးတော့ ငါတို့နဲ့ နီးကပ်တဲ့ မြစ်ထဲမှာလည်း မိကျောင်းတွေ က ရှိနေတာ မလို့ မင်း စိုးရိမ်နေစရာ မလိုပါဘူး ''

တုံ က ခဏလောက် တွေးကြည့်လိုက်ပြီးတော့ အဲ့လို လုပ်လို့ ရတာ ဟုတ်မှန်ကြောင်း တွေ့ရှိသွားလေတယ်။

အခုဆို သူတို့က မိကျောင်းတွေကို စားနိုင်နေပြီလေ။ အစောက သူမေ့သွားတာ က အရင်က မိကျောင်းအသား စားဖို့မပြောနဲ့ ဖမ်းဖို့တောင် မတက်နိုင်ခဲ့တာ ကြောင့်ပဲ ဖြစ်လေတယ်။

'' စီစဥ် ထားမှု ကို ကြည့်ရအောင် !''

'' ဒီနေ့ အရင်ဆုံး တဲတွေ ဆောက်ရမယ်။ နွေဦးရာသီနဲ့ နွေရာသီ အတွက် အစီအစဥ် ကတော့ ဒါမျိုးတွေပဲ။ ပထမဆုံး အနေနဲ့ ကွင်းပြင်ကို သေချာမြေညှိ ပြီးတော့ မြေပြင်ပေါ်က ပန်းပင်တွေ ကိုလည်း ရှင်းလင်း ပစ်ရမယ်။ အပင်တွေ ရော ပင်ပျိုတွေ ကိုရောပဲ။ ဒါတွေ အကုန်လုံးကို သေချာ စနစ် တကျ လုပ်ပြီး သွားပြီ ဆိုရင်တော့ ငယ်ရွယ်တဲ့ သားရဲထီးတွေက မျိုးနွယ်စု တစ်ခုလုံး အတွက် အစာသွားရှာရမယ်။ ကျန်နေတဲ့ သားရဲ တစ်ဝက်တွေနဲ့ မသန်မစွမ်း သားရဲလူသားတွေက မြေကြီးကို တူးပြီးတော့ ခရမ်းရောင် အမြစ်တွေကို ယူရမယ် ။ ငါတို့ နွေဦး ရာသီ တစ်ခုလုံး ခရမ်းရောင် အ​မြစ်တွေကို ညှိပြီးသား မြေပေါ်မှာ ပြန်စိုက်ရမယ်။ ငါ မင်းတို့ကို အထူးလုပ် ထားတဲ့ နည်းလမ်းတွေ ပေးမယ်။ ငါတို့ အတူတူ လုပ်ဆောင်ပြီးသွားတာ နဲ့ နွေရာသီမှာ ငါတို့ အိမ်တွေ ဆောက်ကြမယ် ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now