အပိုင်း (41. 1)

2.1K 311 5
                                    

(41. 1)

ချီဟန်က ကိုယ်ပိုင် မျိုးနွယ် တည်ထောင် ချင်တဲ့ ရည်ရွယ်ချက် က အစားအသောက် တွေအပြင် အဝတ်အထည်အတွက် ပါ မပူမပန်ရအောင် လုပ်ချင် ခဲ့တာပဲ ဖြစ်လေတယ်။ ပြီးတော့ စိုးရိမ်ပူပန်မှုမရှိပဲ ကိုယ့်မျိုးနွယ်ကိုယ် အရည်အချင်း ပြည့်ဝ စေချင်တာ ပဲ ဖြစ်လေတယ်။

စီးပွားရေး ကျောင်းသား တစ်​ယောက် အနေနဲ့ သူက သားရဲကမ္ဘာ ငွေကြေးစံနှုန်းတွေကို မြင့်တင်ပေးလို ပြီးတော့ ကူးသန်းရောင်းဝယ် ရေးနဲ့ ကုန်သွယ်မှု စင်တာ လည်း ထူထောင်ချင် နေခဲ့တယ်။ သူက မျိုးနွယ်စု တည်ထောင်ဖို့ နေရာရှာ တာတောင်မှ ပဲ မျိူးနွယ်စု တွေအများကြီး ရဲ့ ဆုံရာ အလယ်နေရာကို ရွေးချယ်ခဲ့တာ ပဲ ဖြစ်လေတယ်။

ဒါပေမယ့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု လုပ်မယ်ဆိုရင် ငြိမ်းချမ်းမှုကို အခြေခံ ပြီးမှ လုပ်လို့ ရမှာပဲ ဖြစ်တယ်။ တကယ်လို့ ကောင်းမွန်တဲ့ ဘဝသာ မရှိရင် ဖြစ်ချင်တဲ့ အိမ်မက်တွေ ဆိုတာက ဟာသ စကားတွေပဲ ဖြစ်သွားလိမ့်မယ်။

အခု သူတို့ ရင်ဆိုင် နေရတဲ့ ပြဿနာ က ကြီးနိုင်ငယ်ညှင်းမှု တွေသာ မကပဲနဲ့ သားရဲလောကမှာ ညစ်ပတ်တဲ့ စိတ်ရှိသူနဲ့ ကြုံ တွေ့ နေရတာပဲ ဖြစ်လေတယ်။

သူ့ကိုယ်သူ စိတ်ကြီးဝင် သထက် ဝင်ပြီးတော့ ထို ကျားဖြူခေါင်းဆောင်ရဲ့ အေးစက်ပြီးတော့ လောဘ ကြီးတဲ့ မျက်လုံးတွေကို လျစ်လျူရှု ခဲ့ မိတာအား ချက်ချင်းပဲ ပြန်ပြီး နောင်တ ရလာလေတယ်။

စုဝေးပွဲမှာ တစ်ခဏသာ ဆုံခဲ့ရတဲ့ မျက်လုံးအကြည့်တွေ ပိုင်တဲ့ ထိုလူဟာ သူ့ရဲ့ ကိုယ်ပိုင်နေရာနဲ့ တင် စိတ်ကျေနပ်မှု မရှိတဲ့ သူဖြစ်မှန်း သိသာလေတယ်။ သူ့ရဲ့ မျက်လုံးတွေက သူ့ရဲ့ အလိုလောဘ တွေကို  ဖော်ပြနေခဲ့တယ်လေ။

အခုမှ စပြီးတော့ အစီအစဥ် ချဖို့ နောက်မကျ သေးဖို့ပဲ မျှော်လင့်မိတယ်။

တကယ်လို့ သူတို့သာ စစ်ပွဲကို တစ်ကယ် စတင်တော့မယ် ဆိုရင် ကြိုပြီး ပြင်ဆင်ထား ဖို့ လိုအပ်လေတယ်။

မျိုးနွယ်စုမှာ နံရံမဆောက်ထားလေဘူး။ ချီဟန်က အစကတည်းက နေရာထပ်ပြီး ချဲ့ထွင်မယ့် အတွက် ရည်ရွယ်ချက် ရှိရှိ ထားခဲ့တာ ဖြစ်ပြီးတော့ အခုမှ နံရံဆောက်မယ် ဆိုရင် အရမ်းနောက်ကျ သွားပြီပဲ ဖြစ်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now