အပိုင်း (50. 2)

1.1K 165 0
                                    

(50.2)

လန် က ချီဟန် ဆီကို ဘေး ကနေ ဒယိမ်းဒယိုင် လျောက်ပြီးတော့ လာခဲ့လေတယ်။ တကယ်လို့ လင်းယုန်တောင်ပံ ကျိုးသွား ခဲ့တယ် ဆိုရင် အဲ့တာက ထိုသားရဲလူသား ကို သတ်ပြစ်လိုက်တာ နဲ့ အတူတူ ပါပဲ။

ချီဟန်က ခြေထောက် ကျိုးတာကို တောင် ကုသပေးနိုင်တာလေ။ ဆိုတော့ သူက တောင်ပံလေး ကျိုးတာကိုလည်း ကုသ ပေးနိုင်ရမှာပေါ့လေ။

'' တုံ ၊ မင်း ဒီမှာ ခဏနောက် လဲနေနော်။ မလှုပ်ရဘူးနော်။ ငါတစ်ခြား ဒဏ်ရာ ရနေတဲ့ သားရဲ လူသားတွေကို သွားပြီးတော့ ကြည့်လိုက်အုံးမယ်''

'' ကောင်းပြီ ''

ချီဟန်က တုံရဲ့ ကြီးမားတဲ့ ကျားသစ်ခေါင်းကြီးကို သူ့ဒူးပေါ်ကနေ မြက်ခင်းပေါ်ကို အသာလေး ချပေးလိုက်တယ်။
ပြီးတာနဲ့ ပြန်လှည့်ကာ လန် ရဲ့ တောင်ပံတွေကို ကြည့်လိုက်တယ်။

'' ဒီကျိူးတဲ့ နေရာက သေသပ်တယ်။ အတောင်ပံကို ပြန်မသိမ်းပဲ ပြုပြင်ရမယ်။ ပြီးတော့ မင်းရဲ့ ဒဏ်ရာ ပြန်မကောင်းသေး သရွေ့ မင်းပျံသန်းလို့ မရဘူးနော်''

'' ကောင်းပြီ ''

ချီဟန်က သူ့လက်ထဲက ကျောက်လုံတံ ကို ယူလိုက်ပြီးတော့ အဲ့တာကို အလယ်ထဲက နေ နှစ်ခြမ်းပိုင်းကာ သူ့ခါးကြားထဲက အရိုးဓားကို ထုတ်လိုက်ပြီးတော့ ထို နှစ်ခုကို အချောသပ်ပြီးတော့ လန် ရဲ့ တောင်ပံ မှာ တွဲချည်ပေးလိုက်ကာ ဒဏ်ရာကိုတော့ သန့်ရှင်းတဲ့ သားရေစ နဲ့ ပိတ်ထား ပေးလိုက်တယ်။

'' ​အဲ့ မြွေအမဲကောင် ရသွားတဲ့ ဒဏ်ရာတွေက လုံးဝ မပေါ့ပါးဘူး။ သူက သွေးတွေ ထွက်နေတာကြောင့် သူ့ရဲ့ အပျံနှုန်းကို ထိခိုက်စေ နိုင်တယ်။ ဒါပေမယ့် ရှောင်ပိုင်က ပျံတဲ့ အတွေ့အကြုံ က သိပ်မရှိသေးဘူး။ ဘယ်သူတွေ ပျံနိုင်သေးလဲ ဆိုတာ ရှာလိုက် ပြီးကျရင် သူ့နောက်ကို လိုက်သွားခိုင်းလိုက် ''

'' ယွဲ့ နဲ့ ရွှမ်း က ပျံ နိုင်နေဆဲပဲ။ ငါ သူတို့ကို လက်နက်တွေ ယူပြီးတော့ သွားကူခိုင်းလိုက်မယ် ''

'' ကောင်းပြီ ''

ပင်း ကလည်း ချီဟန် နားမှာပဲ လှဲကျနေခဲ့တယ်။ ချီဟန်က ပင်းအနားကို ကပ်ကာ အသက်ရှုသေးလား ဆိုတာ ကို စစ်ဆေး လိုက်တယ်။ ကံကောင်းစွာနဲ့ပဲ အသက်ရှုနေသေးတယ်။ ပင်းရဲ့ ရင်ဘက်က အရိုက်ခံ လိုက် ရတာကြောင့် အနည်းငယ် ချိုင့်နေခဲ့တယ်။ ချီဟန်ဟာ လက်နဲ့တောင် မထိ ကြည့်ပဲနဲ့ သူ့ရဲ့နံ ရိုးတွေ ကျိုးသွားတယ် ဆိုတာကို ပြောနိုင်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Opowieści tętniące życiem. Odkryj je teraz