အပိုင်း (58. 2)

Beginne am Anfang
                                    

'' ရေထဲကို ကျသွားတာ။ အဲ့နားမှာ ရှိတဲ့ ရေထဲကို ကျသွားတာ''

သားရဲလူသားငယ်လေး က အကြောက်အလန့်နဲ့ မျိုးနွယ်စု ဘေးက ရေကန်ကို ညွှန်ပြကာ ပြောတဲ့ အချိန်မှ ချီဟန် စိတ်သက်သာရာ ရစွာ သက်ပြင်း ချမိလေတယ်။

သားရဲလူသား အများစု က ငယ်ငယ်လေး ကတည်း က ရေနဲ့ မထိတွေ့ ဘူးတာကြောင့်ဘယ်လို ရေကူးရမလဲ ဆိုတာ ကို မသိပေ။ ချီဟန်က နှလုံးတစ်ခြမ်း မာတဲ့ သူပဲ ဖြစ်တယ်။

တုံက ချန်ရှီးကို ပွေ့ကာ အိမ်ထဲမှာ ထိုင်ပြီး ကစားပေးနေချိန်မှာပဲ အပြင်ဘက် က သူတို့ရဲ့ စကား သံတွေကို ကြားတော့ ထွက်လာခဲ့တယ်။ သူ့ကို ချီဟန် ကလည်း လွှတ်ပေးလိုက်ရော သူက ရေကန်နား ပြေးကာ အဲ့အကြောင်း တွေးကြည့် မိလေတယ်။

ဘယ်လောက်တောင် အန္တရာယ် များလိုက်သလဲ!

တုံ က အဲ့ကလေး နောက်ကို အမြန်လိုက်ပြေး လာကာ လေချွန်သံ မှုတ်လိုက်ပြီးတော့ နားလည်တဲ့ လင်းယုန်သားရဲတွေ က အပြေးလာကြလေတယ်။

တုံ က တစ်ခဏ ထိတ်လန့်သွားကာ ဖိလိုက် မိတော့ သူ့လက်မောင်းထဲက ချန်းရှီးလေးကို ကြောက်လန့် စေမိတာကြောင့် ငိုလာလေတယ်။ သူ့လက်ထဲက ကလေးငိုလာတာကြောင့် တုံ ခမျာချော့ မော့နေရပေမယ့် ချီဟန်က ရေကန်နား ပြေးသွားဖို့ လုပ်နေတာကို တွေ့တော့ လှမ်းဆွဲလိုက်လေတယ်။

'' မင်း ဘယ်ကို သွားမလို့လဲ?''

'' ငါက မူမူကို သွားကယ် မလို့လေ ''

''သူ့ကို ကယ်လို့ မရတော့ဘူး။ သူက ရေထဲကို ပြုတ်ကျ သွားတာ ''

ရေထဲကို ကျသွားတယ် ဆိုတာက သေတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ ။ တုံ က ချီဟန်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ မလွှတ်ပေးခဲ့ပေ။ သူက ဘာမဆို လုပ်ရဲပါတယ်။ ဒါပေမယ့် ချီဟန်ကို ဆုံးရှူံးရမယ့် ဒီကိစ္စကိုတော့ သူက ဘယ်လို စိတ်မျိူးနဲ့မှ လုပ်ခွင့်ပေး မှာ မဟုတ်လေဘူး။

ချီဟန်က အနည်းငယ် ရုန်းကြည့်ပေမယ့် သူက လှုပ်မရပေ။ တကယ်လို့ သူမသွား ရင် မူမူ တကယ်သေ သွားလိမ့်မယ်။

'' ငါက ရေကူးနိုင်တယ်။ ငါက ရေထဲမှာ ရေကူး နိုင်တယ်လို့ ''

တုံ က ရေကူး နိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်ကို အတော်လေး နားမလည် ပါပေ။  ချီဟန် က အဲ့ကလေးကို သွားကယ်မယ်ဆိုတာ တုံ သိလေတယ်။ ဒါပေမယ့် ချီဟန်ကို အဲ့လို ကိစ္စမျိူး ကို ဝင်ပါ မနေစေချင်ပေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Wo Geschichten leben. Entdecke jetzt