အပိုင်း (57. 2)

Começar do início
                                    

ချောင်ယွမ် မျိုးနွယ် က လူတိုင်းဟာ ခြောက်သွေ့ရာသီ မှာ လုပ်မယ့် စုဝေးပွဲ အတွက် အကုန်လုံး အသင့်ပြင်ပြီး သွားပြီပဲ ဖြစ်လေတယ်။ မနှစ်က ဆောင်းတွင်းမှာ သားပေါက်လေးတွေ မွေးလာတဲ့ မိသားစု တွေနဲ့ အခုမှ ကိုယ်ပြန်ကောင်းလာတဲ့ မိသားစု တွေက လွဲလို့ တစ်ခြား မိသားစု တွေ အားလုံး က လဲလှယ်မယ့် သားကောင်တွေကို ပြင်ပြီး သွားခဲ့လေတယ်။

သူတို့က မိုးရွာတာကို ရပ်တန့်ဖို့ ပဲ စောင့်နေကြ တာ ဖြစ်လေတယ်။ ပြီးတာနဲ့ သွားကြတော့မှာပါ။

ယန်မင်း က ပင်း ပြန်လာပြီး ဒုတိယ မြောက်နေ့မှာ သူမရဲ့ လက်ကောက်ဝတ် တွင် တောက်ပနေတဲ့ ပုလဲ လက်ကောက် နှစ်ကွင်း ကို ဝတ်ထား ပြီပဲ ဖြစ်လေတယ်။

တစ်ခုက ပုလဲ အဖြူ သန့်သန့် လေး ဖြစ်ပြီးတော့ နောက်တစ်ခု က တွေ့ရတာ ရှားပါးတဲ့ ခရမ်းရောင် ပုလဲ တွေ ပဲ ဖြစ်လေတယ်။ ပုလဲ တစ်ခု စီ တိုင်းက လုံးဝန်းနေပြီးတော့ လက်ကောက် နှစ်ခု လုံး ရဲ့ ပုလဲလုံးတွေရဲ့ အရွယ်အစား ကလည်း တူညီနေခဲ့တယ်။

ပြီးတော့ ပုလဲ လုံးတွေ က လုံးဝ ကို မသေးငယ်ခဲ့ပေ။

( ပင်းလို ယောကျာ်းပဲ လိုချင်တော့တယ်။)

ဒါပေမယ့် ဒီပျောက်ကြား မိုးက မိုးရာသီ ဆုံးတဲ့ အချိန်မှာတောင် မှပဲ အပြီး မသတ် သေးချေ။

အမြဲတမ်း အချိန်တိကျတဲ့ မိုးရာသီ က တကယ်ကြီး အချိန်တိုးခဲ့တယ်လေ!

ဒါက ကောင်းတဲ့ အရာတစ်ခုတော့ မဟုတ်ခဲ့ဘူး။ အကြီးပိုင်း သားရဲလူသား တွေက အနည်းငယ် စိုးရိမ် ကြလေတယ်။ သူတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေ အရ ဆိုရင် မိုးကာလကြာရှည်တာ က ခရမ်းရောင် အမြစ်တွေ ကောင်းစွာ မဖြစ်ထွန်းတော့ သလို သားကောင်ဖမ်းတာ တွေ ကလည်း မကောင်းတော့ မှာ ပဲ ဖြစ်တယ်။

ပိုပြီး ကြောက်ဖို့ အကောင်းဆုံးကတော့ နေမယ့်ကုန်းမြေ ကို ဆုံးရှူံးလိုက် ရတာ ပါပဲ။ ရေကြီးမှု ဖြစ်ပြီးတော့ ပေါ့လေ။

'' ပင်း အဲ့လိုမျိုး အရင်ကလည်း ဖြစ်ဘူးသလား? ''

မိုးက ကွက်ကြား ကွက်ကြားနဲ့ ဆက်လက်ရွာ သွန်းနေပြီးတော့ ယိမ်းယိုင်မှု ကလည်း ပိုပြီး တိုးပွားလာလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Onde histórias criam vida. Descubra agora