သားရဲလူသားတွေ ရဲ့ အစာ က အမြဲတမ်း တစ်သက်မတ် ထဲပဲ ဖြစ်လေတယ်။ သူတို့က အသားကို စားရတာသာ ပိုကြိုက်လေတယ်။ အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ ကသာ ခရမ်းရောင် အမြစ်တွေကိုပါ စားကြတာ ဖြစ်လေတယ်။

ပြီးတော့ အိမ်တစ်အိမ်ဆီ တိုင်းမှာ စိုက်ခင်း တစ်ခု စီ ရှိနေကြ ပြီလေ။ ဆောင်းရာသီ ရောက်တဲ့ အထိ ကိုစောင့်ဆိုင်း နေစရာ မလိုတော့ပေ။ အခုချိန်မှာ မိသားစု တိုင်း က ခရမ်းရောင် အမြစ်တွေကို စားနိုင်နေပြီ ပဲ ဖြစ်လေတယ်။ သူမလေး က အသားတွေ ပဲ စားမယ်ဆိုရင် အစာမချက်နိုင်မှာ စိုးတဲ့ အတွက်ကြောင့် ချီဟန် က တုံ့ဆိုင်း နေခဲ့တာ ပဲ ဖြစ်လေတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ လန် ရဲ့ အိမ် က အမျိူးသမီးလေး ဆိုရင် အသားစား ရတာ ကိုပိုကြိုက် ပြီးတော့ မယ်ဂျစ်စတစ် ဆိုရင် သူမလေး ကို ကြိုက်သမျှ လုပ်ခွင့် ပိုပေးထားလေတယ်။ ပြီးတော့ အဲ့ကလေးမလေး က မသက်မသာ ဖြစ်တာ ကို သူတစ်ခါမှ မမြင်ဘူးခဲ့ပေ။ ဒါကြောင့်အသား တွေ အများကြီး ပိုစားမိလည်း သိပ်တော့ ကိစ္စမရှိဘူး ထင်ပါရဲ့ ။

ဆယ်ရက်ကြာပြီးတဲ့နောက် မှာတော့ တောင်ဘက် ကို လဲလှယ်ရေး သွားတဲ့ လင်းယုန်သားရဲ လူသားတွေက ပြန်လာခဲ့တယ်။ ထိုခရီးက မို မျှော်လင့်ထားတာ ထက်နှစ်ရက် ပိုပြီး ကြာသွားခဲ့လေတယ်။

အဝေး ကတည်း က မျိုးနွယ်စု ကို လှမ်းပြီး သတိပေး အော်ပြောနေတာ ကို ကြားခဲ့ရလေတယ်။

''ခေါင်းဆောင် နဲ့ မျိူးနွယ်စု စုန်းမ ၊ ကျင်းနဲ့ သူတို့တွေ ပြန်လာကြပြီ! ''

ချီဟန် နဲ့ တုံ က အချင်းချင်း ကြည့်လိုက် ကြပြီးတော့ ခြေထောက်တွေကို ထုတ်ကာ မျိုးနွယ်စု ရဲ့ စုဝေးရပ် ဆီကို သွားလိုက်လေတယ်။

လင်းယုန်သားရဲ လူသားတိုင်းရဲ့ မျက်နှာမှာ အပြုံးတွေ ရှိနေပြီးတော့ သူတို့ရဲ့ နောက်ကျောမှာ သားရေစ အိတ်အကြီး​ကြီး အထုပ်တွေကို သယ်ထားလေတယ်။ ကုန်းမြေသားရဲလူသား ဖြစ်တဲ့ ပင်းကလည်း အနောက်မှာ မကျန်နေခဲ့ပေ။ သူ့နောက်ကျောက ကြိမ်ခြင်းထဲမှာ ပစ္စည်းတွေ အပြည့်ပါလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now