အပိုင်း (၁၂၀) ချင်မော့ : ငါနဲ့အတူတူအိမ်ပြန်ကြမယ်

Start from the beginning
                                    

လက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်ထားလျက် သူ့ရှပ်အင်္ကျီဆီက ဇစ်ကို ပါးစပ်ဖြင့်ဖွင့်ကာ ကျန်လက်တစ်ဖက်ဖြင့် အဝတ်အစားများ ချွတ်လိုက်လေသည်။ သူ့ကိုကြည့်ရတာ အလွန်မိမိုက်နေပြီးတော့ ခံ့ညားနေပေတော့သည်။

ဖူကျို့က အဝတ်အစားခန်းဘက်ကို လှည့်ကြည့်လိုက်တော့ ချင်မော့ အဝတ်အစားလဲနေတာကို မြင်လိုက်ရပေသည်။ သူ့၏ ပြီးပြည့်စုံသော ပုံရိပ်က မိန်းကလေးများကို နှာခေါင်းသွေးလျှံပြီး ရူးခါသွားအောင် လုပ်နိုင်စွမ်းရှိပြီးတော့ ယောကျာ်းလေးတွေကိုတော့ မနာလိုအားကျစေနိုင်စွမ်း ရှိပေ၏။ ထို့နောက် ဖူကျို့က သူမကိုယ်သူမ ငုံ့ကြည့်လိုက်လေ၏။

ကြည့်ရတာ နောက်ဆိုရင် နင်လေးနဲ့ ဆိုဒ်တွေတိုင်းဖို့ သွားသွား မစတာကောင်းမယ်နဲ့တူတယ်။ ဒီဟာ နည်းနည်းတော့အန္တရာယ်များတယ်လေ။

သူတို့သုံးယောက်ဟာ ကားဆီသို့ပြန်လာခဲ့ပြီး အရင်က ထိုင်ခဲ့သည့်ပုံစံအတိုင်း ပြန်ထိုင်လိုက်ကြပေသည်။

သို့သော် သည်တစ်ကြိမ်မှာတော့ ယာဉ်မောင်းကော ရွယ်ယောင်ယောင်ပါ ရှော့ခ်ရဖို့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်လေသည်။

"မိန်းကလေးရွယ်ရဲ့အိမ်ကို အရင်မောင်း"

"ဟုတ်ကဲ့"

ယာဉ်မောင်းဟာ ဖြည်းဖြည်းမှန်မှန်မောင်းနေသော်ငြား ရွယ်ယောင်ယောင်၏ အိမ်သည် ကားသွားဖို့အတွက် အနည်းငယ်ခက်ခဲနေပေသည်။

သူမအိမ်ဟာ ဟင်းရွက်ဈေးဘေးက ရပ်ကွက်ဟောင်း၌ တည်ရှိပြီး စက်ဘီးများ အရှေ့နောက် နေရာပေါင်းစုံမှ ထွက်လာနေကြပေသည်။

ယာဉ်မောင်းတောင်မှ ဒီလိုနေရာသို့လာခဲရာ သခင်လေးချင်ဆိုရင်တော့ ပြောဖို့ပင်မလိုတော့ချေ။

ရွယ်ယောင်ယောင်က စဉ်းစားဉာဏ်ရှိပေ၏။ ထိုကြောင့် သူမဟာ သူတို့အား သူမအိမ်ရှိရာဆီသို့ မမောင်းခိုင်းပေ။

"ဒီနေရာမှာ ရပ်လိုက်ရင်ရပါပြီ    ကျွန်မအိမ်က ဒီနေရာနဲ့ သိပ်မဝေးတော့ဘူး လမ်းဆက်လျှောက်သွားလိုက်ရင် ရောက်ပြီ ကျေးဇူးပါ ကြီးမြတ်လှသော သခင်လေးချင် ပြီးတော့ ကျေးဇူးပါ အရှင်ကျို့"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now