အပိုင်း (43. 1)

Start from the beginning
                                    

ဒီသားပေါက်လေး က အတော်များများ အရာရာတိုင်း ကို နားလည်မှန်း ယန်မင်း သဘောပေါက်သွားခဲ့တယ်။ အရင်ရက်တွေမှာ သူ့ကို ဂရုစိုက်တဲ့ လူ၂ ယောက်ရှိတဲ့ ထဲမှ တစ်ယောက်က သူ့အဖေ ဖြစ်ပြီးတော့ အခုက အမေ ပဲ ဖြစ်တယ် ဆိုတာကိုပေါ့။ သူက အကုန်လုံးကို သိပေမယ့် ဘာကိုမှ မပြောခဲ့ပါပေ။

ရှောင်ပိုင်က တိတ်ဆိတ်မှု ကိုအသုံးပြုပြီးတော့ တိတ်ဆိတ်စွာနဲ့ ဖိအားပေးကာ ယန်မင်းရဲ့ နှလုံးသားကို ညှင်းပန်းနေခဲ့တယ်။ သူမက သူ့ကို ပျိုးထောင်ပေး ခဲ့တဲ့ မိဘတွေ အကြောင်း ကို မေးချင်လေလေ သူ့ရဲ့ ခုခံမှုက ပိုပြီးတော့ သိသာ ထင်ရှားလာလေလေ ပါပဲ။ သူက မျက်လုံးတွေကို မှိတ်ထားပြီး အိပ်ပျော်ဟန်ဆောင်ကာ တစ်နေကုန် မှိတ်ထားခဲ့တယ်။

ယန်မင်း ကလည်း တစ်နေကုန် စိတ်မသက်မသာ ဖြစ်ခဲ့ ရတယ်။ ဒါပေမယ့် သူတို့လို မိဘတွေက သူ့အပေါ် မကောင်း ခဲ့တာပဲလေ။

ချီဟန်က သူ့မျက်လုံးထဲ မှာတွေ့ နေရပေမယ့် ဘာမှ မလုပ်နိုင်ပါပေ။ ကိုယ်တိုင် ပါဝင်တဲ့ လူပုဂ္ဂိုလ် တွေကလွဲရင် တစ်ခြားဘယ်သူ ကမှ ခံစားချက်တွေ အကြောင်း ဝင်ပြောလို့ မရဘူးလေ။

၂ ရက်ကြာပြီးတဲ့နောက် တုံ နဲ့ ချီဟန် တို့က စိုးရိမ် စိတ်ပူစွာနဲ့ စောင့်စား နေတုံး ကျဲနဲ့အတူ ထွက်သွားတဲ့ မျိုးနွယ်စု သားတွေက ဒဏ်ရာတွေနဲ့ အတူ ပြန်လာခဲ့ကြလေတယ်။ ကျဲ က သူနဲ့ အတူ သားရဲလူသား ၁၂ ယောက်ကို ခေါ်သွားခဲ့တာ ဖြစ်ပြီး ၁၂ ယောက်လုံး ပြန်ပါလာတာကြောင့် ဒါက ကောင်းမွန်တာပဲ ဖြစ်လို့ သူတို့ပျော်ရွှင် သင့်လေတယ်။

ဒီလူတွေက သိသိသာသာပဲ ပင်ပန်းနေကြတယ်။ ပင်းတို့ရဲ့ လင်းယုန် အုပ်စုနဲ့ မတူပေ။ သူတို့က လမ်းတစ်လျောက်လုံး ပြေးလာပြီး လမ်းလျောက် လာခဲ့ရတာလေ။ ကျဲ က အခြေအနေအကြောင်း အရာကို တင်ပြဖို့ နေခဲ့ပြီးတော့ ကျန်တဲ့ လူတွေကို ​ပြန်သွားပြီး နားခိုင်းလိုက်တယ်။

ကျဲ က သူ့ရဲ့ သွေးရောင်လွှမ်းနေတဲ့ မျက်လုံးကို ပွတ်ကာ သူ့ကိုယ်သူ အားပေးလိုက်တယ်။ နောက်ဆုံးတော့ အိမ်ကို ပြန်ရောက်ခဲ့ပြီပဲ။ အများကြီး သက်တောင့် သက်သာ ရှိသွားခဲ့ပြီ။ အဲ့အချိန်မှာပဲ သူရဲ့ ခေါင်းတစ်ခု လုံးက တဝီဝီ မြည်နေပြီးတော့ အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံတော့က တိုက်ခိုက်နေကြတယ်။ အမြန်ပြန်လာနိုင်ရစေ ဖို့အတွက် လမ်းပေါ်မှာ သူတို့က လုံးဝကို မရပ်မနားပဲ အသားကုန် ၂ရက်တိတိ ပြေးလာခဲ့ရတယ်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now