အပိုင်း( 42. 1)

Start from the beginning
                                    

ထိုစကားပြောပြီးတဲ့နောက် သူက မျက်မှောင် ကြုတ်သွား လေတယ်။

'' ပိုပြီးတော့ ထူးဆန်းတာက အဲ့နေရာမှာ အမျိူးသမီးတွေ မရှိဘူး။ သားရဲတစ်ဝက်တွေ တောင်မှ မရှိဘူး။ အကုန်လုံးက သားရဲလူသား ထီးတွေ ချည်းပဲ ''

'' ဘာ? မင်းသေချာ ပြောပြ ပေးပါ။ သားရဲလူသား ထီး အများစုက ဘာဖြစ်နေကြတာလဲ? ''

သားရဲလူသား အများစု က ဖျားနာနေတဲ့ ပုံပေါ်ကြတယ်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ!

တုံ က မေးလိုက်တယ်။

လန် က အဲ့တာနဲ့ ပတ်သက်ပြီးတော့ အနည်းငယ် ရှုပ်ထွေး သွားလေတယ်။ သူ့ရဲ့ ဖော်ပြနိုင်စွမ်းက အကန့်အသတ်ရှိလေတယ်။ ပြီးတော့ သူက ဘာကို ပြောချင်သလဲ ဆိုတာရှင်းပြဖို့ ဆိုတာက ခက်ခဲလေတယ်။ လန် က သူ့ရဲ့ ခေါင်းကို ဖြစ်ညှစ်ပြီးတော့ မှ ဆက်တွေးကာ ပြောလိုက်တယ်။

'' အဲ့တာ ကလေ သားရဲလူသားတွေ အများစုက အချိန်တိုင်း အိပ်ပျော်နေချင်နေသလိုပဲ။ သူတို့ သွားတဲ့ အချိန်တိုင်းမှာလဲ အိပ်ငိုက်နေသလိုပဲ။ သူတို့တွေက ဖျားနေသလိုမျိူး အားပျော့စွာ ဒယီးဒယိုင် လျောက်နေရပြီးတော့ ကျန်းမာသန်စွမ်းတဲ့ သားရဲလူသား တွေနဲ့ လုံးဝ မတူဘူး။ သူတို့တွေက အရမ်းကို ပိန်ပြီး ပါးလှပ်နေတာ။ သူတို့ရဲ့ အရိုးပုံတွေ တောင်မှပဲ မြင်ရလုဆဲပဲ''

လန် က ထို ဟာကို ပြန်တွေးမိလိုက်တော့ အနည်းငယ် ကြောက်လန့် သွားကာ မသက်မသာလဲ ဖြစ်သွားလေတယ်။ သူငယ်စဥ် အချိန်တုံးက ​ခြောက်သွေ့ရာသီ အရှည်ကြီး ဖြစ်ခဲ့တာကို မှတ်မိတယ်။ အဲ့အချိန်တုံး ကလည်း ဒီလိုမျိုး သားရဲလူသားတစ်ယောက်ကို တွေ့ခဲ့ဘူးတယ်။ အဲ့သားရဲလူသားက အဆာလွန်ပြီးတော့ သေသွားခဲ့တာလေ။

'' ငါတို့က သူတို့မျိုးနွယ်နား မှာပဲ ရက်အတော်ကြာ စောင့်ကြည့်နေခဲ့တာ။ ဒါပေမယ့် သူတို့က အမဲလိုက်ဖို့ မျိုးနွယ်စု အပြင်ဘက်ကို ထွက်လာတာကို မတွေ့ရဘူး။ သူတို့က သိသိသာသာကြီးကို ဆာလွန်းလို့ သေတော့မှာပဲ...... သူတို့ဆီမှာ လူအယောက် ၃၀၀ ကျော်ရှိတယ်။ ငါသူတို့ကို ရေတွက်ခဲ့တာလေ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now