အပိုင်း (41. 1)

Start from the beginning
                                    

ချီဟန်က အိမ်ရဲ့ ပတ်ပတ်လည်ကို ခေါင်းကိုက်စွာ ကြည့်နေခဲ့လေတယ်။ သူက လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်း က သူဟာ ချန်ရှီးလေး ကို ဂရုမစိုက် နိုင်ခဲ့တာ ပဲ ဖြစ်လေတယ်။ သူက ချန်ရှီးလေးကို အဒေါ် ဝေ့ဆီယာ နဲ့ အဒေါ် တုံးဟွား ဆီကို ပို့ထားခဲ့တာ ပဲ ဖြစ်လေတယ်။

ကျားဖြူ မျိုးနွယ်မှာ ပျံသန်းနိုင်တဲ့ သားရဲလူသားတွေ ဒါဇင်နဲ့ ချီပြီးတော့ ရှိလေတယ်။ ​မြေပြင် ခုခံကာကွယ်ရေး က လုံးဝကို အသုံးမဝင်ဘူး။ အကောင်းဆုံး ကာကွယ်ရေးက တိုက်ခိုက်တာပဲ ဖြစ်တယ်။

'' ပင်း မင်းက ဒီလောက် မျိုးနွယ်တွေ အများကြီးကို ​ဖြတ်သန်း သွားဘူးတော့ သူတို့က လက်နက်တစ်ခု သုံးတာ တွေ့ဘူးလား ''

'' လက်နက် တစ်ခု အဲ့တာက ဘာလဲ? ''

'' အဲ့တာက ဒီလိုလေ။ မင်းတို့က အမဲလိုက်တဲ့ အခါ သားရဲပုံစံကို ပြောင်းတာမျိုး မလုပ်ပဲနဲ့ လူသားပုံစံနဲ့ ကိုင်ဆောင်တဲ့ ဟာကို ပြောနေတာလေ''

ပင်း က တစ်ခဏ လောက်တော့ တွေးလိုက်တယ်။

'' ကျန်းမာသန်စွမ်းတဲ့ သားရဲလူသားတွေက အဲ့လိုအကူပစ္စည်းမျိုး တွေ သုံးတာတော့ လုံးဝ မတွေ့ဘူးဘူး။ ဒါပေမယ့် တစ်ချို့ မသန်မစွမ်း သားရဲလူသားတွေ တော့ သုံးတာ တွေ့ဘူးတယ်။ အဲ့တာက ကျောက်တုံးနဲ့ နှင်းဖြူယုန်ကို အမဲလိုက်ခဲ့တာ။ အဲ့ကျောက်တုံးကို မှန်အောင် ပြစ်နိုင်နေသရွေ့ အပြေးမြန်တဲ့ နှင်းဖြူယုန်တောင် ပြေးမလွတ်တော့ဘူး ''

ပင်းရဲ့ မျက်လုံးထဲမှာ အတိတ်ကို ပြန်လွမ်းဆွတ်နေတဲ့ ဟန်တွေ ပေါ်နေခဲ့တယ်။ လီက အဲ့အချိန်တုံး က အရမ်းကို ငယ်သေးပြီးတော့ သူကလည်း အရွယ်ရောက်ပြီး ဆောင်းနှစ်ခု ကိုပဲ ဖြတ်ကျော် ရသေးတယ်။  ပြီးတော့ သူ့ရဲ့  သန်စွမ်းမှု မရှိတဲ့ အတွက် သူနဲ့ အတူအဖော် လုပ်ပြီးတော့ အမဲလိုက်ချင်တဲ့ သူ ရှိမှာ မဟုတ်ဘူး ဆိုတာကို မသိခဲ့လေဘူး။

နောက်ဆုံး ဆောင်းရာသီ မတိုင်ခင် မှာ  မျိုးနွယ်စု က သူ့ကို အသားတွေ ပေးသလား မပေးဘူးလား ဆိုတာတောင် မတွေးနိုင်တော့ပဲ စားသောက်ဖို့ရာ တစ်ယောက်ထဲ နေ့တိုင်း အမဲလိုက်ခဲ့ရတယ်။ သူ့မှာ နှင်းယုန်သားရေ တွေ အများကြီး စုဆောင်းမိကာ သူက ပင်းနဲ့ လယ်လှယ်ခဲ့တယ်လေ။ သူ့ဆီက နှင်းယုန်အရေခွံတွေက အရမ်းကို အကောင်းအတိုင်း ကျန်နေခဲ့တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now