အပိုင်း (31. 2)

Start from the beginning
                                    

သူက သူ့ရဲ့ သားရဲတစ်ဝက် အသေးလေးကို ပွေ့ဖက်ကာ ညင်သာစွာနဲ့  ထပ်နမ်းလိုက်တယ်။ အနမ်းတစ်ခု ပြီးသွားပြီးနောက် သူ့ ခမျာ အနမ်းတစ်ခုက မလုံလောက်မှန်း သိလာရတယ်။ ပြီးတော့ တစ်ခါလောက် လျက် ပြီးတာနဲ့ ထပ်ပြီးတော့ လျက် ချင်လာခဲ့တယ်။

သူ့ရဲ့ လက်မောင်းက ပြုတ်တူလိုပဲ။ ချီဟန်ရဲ့ နှုတ်ခမ်းတွေကို ဖမ်းဆွဲထားကာ ညင်ညင်သာသာလေး ကိုက်ပြီးတော့ လျက်နေခဲ့တယ်။ ချီဟန်က အတော်လေး ရုန်းကန်နေပေမယ့် သူက လုံးဝကို မလွတ်ပေးခဲ့ပါပေ။

ချီဟန်က တကယ်ကြီးကို အေးခဲ သွားခဲ့တယ်။ ဒါက ဆရာမသင်ပဲ ကိုယ့်ဘာသာ ကိုယ် တက်လာတဲ့ အကောင်းဆုံး သင်ခန်းစာ ပဲ ဖြစ်ရမယ်။ ချီဟန်က ထိုသူရဲ့ ပူလောင်နေတဲ့ ဝင်သက်ထွက်သက် ထဲမှာ မျောနေကာ သူ့ရဲ့ ခြေထောက်တွေ ကလည်း အားပျော့လာပြီး သူ့မသိစိတ် ကနေ ပိုပိုပြီး လိုချင် လာခဲ့တယ်။ ချီဟန်က သူ့ရဲ့ ပါးစပ်ကို ဖွင့်ပြီးတော့ တုံရဲ့ လျာနဲ့ ဆွဲချိတ်ပြီး လျက်လိုက်တော့တယ်။

အဲ့ဒီ့နောက် တုံရဲ့ လျာနဲ့ ချီဟန်ရဲ့ လျာ ထိသွားတဲ့ အခါ တုံ တစ်​ယောက် တစ်ခြား ကမ္ဘာ အသစ်ကို ရှာတွေ့သွား ဟန်ပဲ။ သူတို့ ၂ ယောက်ရဲ့ နှုတ်ခမ်းတွေနဲ့ လျာတွေက ခဏလောက် လဲလှယ်နေကြတယ်။ မကြာခင်မှာပဲ ချီဟန်က အောက်ဆီဂျင် ပြတ်လတ် လာတာကို ခံစားမိလေတယ်။ ဒါကြောင့် ၂ယောက်သား အနမ်းတွေ ခွာလိုက်ကြလေတယ်။

နှစ်ယောက်စလုံးက မလုံလောက် မှန်း သိလေတယ်။ ဒါပေမယ့် ချီဟန်က အခုချိန်မှာ ရပ်သင့်နေပြီ ဆိုတာ သိလေတယ်။ တကယ်လို့ အချိန်မှာသာ သူမရပ်တန့်လို့ကတော့ သူရပ်လို့ ရတော့မှာ မဟုတ်ဘူး။ တုံ ကတော့ စတင် တုံ့ပြန်နေပြီ ပဲ ဖြစ်တယ်။

'' ချီဟန် ၊ ချီဟန် ၊ ငါထင်တာ ကလေ ''

တုံရဲ့ အသက်ရှုနှုန်း ပူပူကြီးက ချီဟန်ရဲ့ လည်ပင်နားရောက်လာကာ နှုတ်ခမ်းတွေနဲ့ အောက်ဘက်ကို နူးညံစွာ နမ်းလာတယ်။

ချီဟန်က အမြန်ပဲ သူ့ကို အဝေးဆီ တွန်းလွတ် လိုက်တယ်။ တုံ က အနည်းငယ်လောက် လွှမ်းမိုးခံလိုက် ရပြီးတော့ အနာတရ ဖြစ်သွားလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now