အပိုင်း (25)

Start from the beginning
                                    

တုံက အဲ့လောက်ထိ ကောင်းတဲ့သူ မဟုတ်ပေ။ သူတို့ရဲ့ လုပ်ခဲ့တဲ့ ပြစ်မှု အတွက်ကိုတော့ သူဆက်ပြီး ကိုင်တွယ် ရအုံးမှာပဲလေ။

လင်းယုန် သားရဲလူသား တွေက တွေ့ရခက်တဲ့ သားရဲလူသား မျိူးနွယ်တွေ ပဲ ဖြစ်တယ်။ သူတို့တွေက မြင့်မားတဲ့ နှင်းတောင် ထိပ်မှာ နေကြ လေတယ်။ တောင်အောက်က သားရဲမျိုးနွယ်စု တွေနဲ့ လည်း အဆက်အသွယ် မရှိကြပါပေ။ ဒါ​ကြောင့် သူတို့ကိုယ်သူတို့ ကြီးမြတ်တဲ့ သူတွေဆိုပြီးတော့ အထင်ရောက်လေ့ ရှိကြတယ်။ အခုတော့ သူတို့က သူတို့အထင်သေးတဲ့ ကုန်းမြေ သားရဲ တွေရဲ့ ဖိနှိပ်ခြင်းကြောင့် အနည်းငယ် နှိမ့်ကျတယ်လို့ ခံစားရတယ်။

ဘေးနားက လူက ပြောလိုက်တယ်။

'' အရှင်မင်းကြီး...  ''

'' လန်.. ။ ဘာမှ လာ မပြောနဲ့။ ငါတို့ တကယ်ပဲ မှားယွင်းတာ တစ်ခုခု လုပ်ခဲ့ မိတယ် ''

အမှန်တော့ ခွင့်မလွှတ်ပေး နိုင်စရာ အကြောင်း မရှိပေ။ သူတို့က ဘာမှ မဖျ်က်ဆီး ထားရင် ဒါမှမဟုတ် သူတို့နေရာကို ခိုးဖို့ မလုပ်ထားရင်ပေါ့လေ။ ချီဟန်က အစောက စကား ပြောတဲ့ အမျိူးသမီးကို ကြည့်လိုက်တော့ သူမရဲ့ မျက်နှာက ပင်းရဲ့ အမျိုးသမီး ယန်မင်း လိုမျိုး ထူးဆန်းစွာ ဖြူဖျော့နေတာ ကိုတွေ့လိုက် ရတယ်။

'' သူတို့က ဆုံးရှုံးမှု ကြီးမားအောင် မလုပ်ခဲ့ပဲ အမှန်အတိုင်း ပြောပြီး အမှားကို ဝန်ခံခဲ့တယ်။ အဲ့ဆိုတော့ ငါတွေးမိတာက ဒီကိစ္စက ဒီလိုအမှန်ပဲ ဖြစ်မယ်လို့ ထင်တယ်။ ''

ချီဟန်က တုံ ကို ကပ်ပြောလိုက်တယ်။ ချီဟန်မှာ ဒီလင်းယုန်တွေ အတွက် ချစ်ခင်စိတ် မရှိပေ။ ပြီးတော့ သူတို့အရိုးတွေ ထဲကနေထိ စိတ်ကြီးဝင်မှု တွေ ကိုတောင် ခံစားမိလေတယ်။

လင်းယုန်တွေရဲ့ အမျိုးသမီးက ရပ်နေတာ မိနစ်အနည်းငယ်ပဲ ရှိနေသေးပေမယ့် သူမရဲ့ ခြေထောက်တွေက တုန်ခါ နေပြီးတော့ ပိုဖြူဖျော့လာကာ လူတိုင်းရဲ့ အကြည့်တွေ အောက်မှာ ပိုအားနည်းလာတယ်။

'' ဒါဆိုလည်း မေ့လိုက်တော့ ''

ဂျိူအန်းက ချီဟန် ပြောတာကို ကြားလိုက်ရတဲ့ အတွက် သူက လည်း သူ့ရပ်တည်ချက်ကို ပြလိုက်တယ်။ ပြီးတော့ တစ်ဖက်လူကို မသက်မသာ ဖြစ်စေရန် တင်းတင်းကျပ်ကျပ် ခဲထားတဲ့ သူ့လူကို ပုတ်လိုက်တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now