အပိုင်း (23)

Start from the beginning
                                    

ချီဟန်က အရသာ ခံကြည့်လိုက်တော့ ချိုမြိန်ပြီး နူးညံနေတာကို တွေ့လိုက်ရတယ်။ ထိုအရာသာ ကိုလိုက်ပြီးတော့ ရရှိလာနိုင်မယ့် ကစီဓာတ် တွေကလည်း နိမ့်ပါးမှာ မဟုတ်ဘူး ဆိုတာကို ချီဟန် သိလေတယ်။ ပြီးတော့ အလယ်အူတိုင်က ပေါင်မုန့်သီးတစ်ခုလုံးရဲ့ တစ်ဝက်နည်းပါး ပြည့်နေတယ်လေ။

( အစေ့က ကြီးတယ်ကွာ သရက်သီးလိုပဲ ဒါပေမယ့် ကန်စွန်းဥ အရသာ ပုံကတော့ ပေါင်မုန့်နဲ့တူတယ် )

ချီဟန်က ထိုထဲက မှည့်နေတဲ့ အသီးတွေကို ရွေးယူခဲ့လေတယ်။ ပြီးတော့ အိမ်ကို ပြန်ယူသွားကာ အပင်ကို အခြေအနေ အမျိုးမျိုးမှာ စိုက်ကြည့်ဖို့ စီစဥ်ခဲ့တယ်။ ထိုအပင်သာ တကယ်ကြီး ရှင်သန်နိုင်ခဲ့မယ်ဆိုရင် သူတော့ အရမ်းအံအား သင့်မိနေတော့မှာပဲ။

ထိုနေရာမှာ ပြောင်းဖူးကို ကြီးထားတဲ့ ပုံနဲ့ အလားတူတဲ့ အသီးမျိုးကိုလည်း ချီဟန်တွေ့ခဲ့ပါသေးတယ်။ အလယ်အူရိုးတိုင်က ပိုပြီးတော့တောင် ကြီးနေပါသေးတယ်။ အူရိုးတိုင် ပေါ်မှာ ပေါက်တဲ့ ပြောင်းဖူး စေ့တွေက လည်း မသေးပေမယ့် ပြောင်းဖူတစ်ခုလုံး ခြုံကြည့်ရင်တော့ အရေအတွက် မများ ပါချေ။ တကယ်လို့ ဒီအမျိူးကိုသာ အများကြီး စိုက်မှ လောက်မယ်ဆိုရင် ခရမ်းရောင် အမြစ်တွေ ကို အများကြီး စိုက်တာက ပိုကောင်းမှာ ပဲ ဖြစ်လေတယ်။

အထွက်နှုန်းက နည်းပြီးတော့ စိုက်ရမယ့် နေရာက အများကြီးယူတယ်။ ပြီးတော့ အရသာကလည်း အဲ့လောက် မကောင်းဘူး။ ချီဟန်က အချိန်အကြာကြီး စဥ်းစား နေပြီးတော့မှ ပဲ သူကတစ်ချို့ကို လဲလှယ်လိုက်လေတယ်။

ထိုအစေ့အဆံ ၂ခုက လွဲလို့ တစ်ခြားအစေ့တွေ ရှာမတွေ့တော့ပေ။ ကြည့်ရတာတော့ တောင်တွေထဲကို သွားပြီး များများပိုရှာမှာ တစ်ချို့တစ်လေ ကို တွေ့နိုင်မယ် ထင်တာပဲ။

စုဝေးပွဲ နောက်ဆုံးမှာတော့ လဲလှယ်မှုတွေက အပြီးသတ်ရောက်နေ ခဲ့ပါပြီ။ ချီဟန်နဲ့ တုံက လွဲလို့ တစ်ခြား စုံတွဲတွေရဲ့ သားကောင်တွေက ဝယ်တဲ့နေရ မှာ  သုံးလို့ ကုန်သွားပြီပဲ ဖြစ်လေတယ်။

လူတိုင်းက စတင်ပြီးတော့ သူတို့ရဲ့ တဲတွေကို မနက်စောစော မှာတင် ထုတ်ပိုးကာ   မျိုးနွယ်စု ဆီကို ပြန်ဖို့ ပြင်နေကြပါပြီ။ တဲထဲမှာပဲ ဆယ်ရက်ကျော် နေခဲ့ရတဲ့ မျိုးနွယ်စု သားတွေ ခမျာ ခြင်တွေနဲ့ မလုံခြုံမှုတွေကို ခံစားလိုက်ရပြီး နွေးထွေး လုံခြုံတဲ့ သူတို့တွေရဲ့ အိမ်လေးတွေကို လွမ်းနေကြပြီ ပဲ ဖြစ်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now