အပိုင်း (22)

Start from the beginning
                                    

ထို မေ့လျန် ဆိုတဲ့ သားရဲတစ်ဝက်က သူ့ရဲ့ ကိုယ်ပိုင် သားရဲထီးကို တစ်ချက်ကြည့်ကာ ဝယ်ပေးတဲ့ ပစ္စည်းကို မကြိုက်တာလား ဒါမှမဟုတ် ကြွားဝါ လိုတာလား ဆိုတာကို မသိပဲ ပြောလိုက်တာကြောင့် လူတိုင်းက ထပ်ပြီးတော့ မနာလို အားကျသွားတော့တယ်။

( ငါ့လည်း မိတ်ကပ်လေး တို့ ဂိမ်းစကင်လေးတို့ ဝယ်ပေးမယ့် ရည်စားလေးတော့ လိုချင်ထှာ 😞)

ချီဟန်ကတော့ သူ့ရဲ့ မျက်နှာပေါ်မှာ သကြားတွေ ဖြူးထားသလိုကို ချိုနေခဲ့တယ်။ ကြည့်ရတာတော့ ရှေးခေတ် အချိန်တွေ ကတည်းက လက်တွဲဖော်( မိန်းမ) တွေကို ဒီလိုနည်းနဲ့ပဲ ချော့မော့ လာကြတာပေါ့လေ။

အဟွတ် အဟွတ်!

ချီဟန်က အမှန်တကယ့်ကို ယသားရဲ( သားရဲတစ်ဝက်) တွေကို ကမ္ဘာပေါ်က မိန်းမတွေနဲ့ ယှဥ်မိလိုက်တယ်။

'' ဟေး ၊ မျိုးနွယ်စု ခေါင်းဆောင် နဲ့ မျိုးနွယ်စု စုန်းမ ၊ ပြန်လာကြပြီလား ။ ဘာလို့ လက်ဗလာနဲ့လဲ ။ ဘာမှ ပြန်မလဲ လာကြဘူးလား ''

ယသားရဲ ချင်းဇီပြော အလှည့်ရောက့နေပေမယ့် အထဲကို ဝင်လာတဲ့ ချီဟန်နဲ့ တုံ ကို တွေ့လိုက်တာကြောင့် လှမ်းမေး လိုက်တာပဲ ဖြစ်လေတယ်။

တုံဟာ ယသားရဲတွေ ပြောတာကို ကြားပြီးပြီ ဖြစ်လို့ သူ့အနေနဲ့ အနည်းငယ် မသက်မသာဖြစ်သလို ခံစားနေရတယ်။ သူက ချီဟန်အတွက် ဘာကိုမှ မလဲပေးခဲ့ရဘူး။ ဒီအချိန်မှာပဲ သူက သူ့ရဲ့ ယသားရဲလေးကို လူရှေ့သူရှေ့မှာ အလိုမလိုက်နိုင်တဲ့ ဆိုးဝါးတဲ့ သားရဲထီးတစ်ကောင် ဖြစ်သွားလေပြီ။ သူက ရုတ်တရက်ပဲ ဖိအားအတော်များများ ကို ခံစားလိုက်ရတယ်။

'' ငါတို့ သွားတဲ့နေရာမှာတော့ စိတ်ဝင်စားစရာတွေ မတွေ့သေးဘူး။ စုဝေးပွဲကလည်း နောက် ရက်အနည်းငယ် ကြာအုံးမှာပဲလေ။ အဲ့ကျမှ စျေးဝယ်ထွက်ကြမလို့ ''

ချီဟန်က တုံဘက်ကနေ ပြီးတော့ ကာပြောပေးလိုက်တယ်။ သူ့အမျိုးသားက တကယ်ကြီးကို တုံးအရူးမိုက်တာ။ တကယ်လို့ ဂျိုရှည် သုံးခေါင်းနဲ့ အသုံးမဝင်တဲ့ ကျောက်တုံးတွေကို ပြေးလဲနေရင် ဘယ်လိုလုပ်မလဲ။ ခေတ်သစ်မှာ အရမ်းအဖိုးတန်တဲ့ ကျောက်မြတ်တွေက အခုတော့ ချီဟန်ရဲ့ မျက်လုံးထဲမှာ အသုံးမဝင်တာတွေ ပဲ ဖြစ်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now