အခန်း (၈၄)

Start from the beginning
                                    

ထိုသို့ကြားလိုက်သည်နှင့် သူဌေးလီက ချက်ချင်း ပြန်ပြောလိုက်၏။

“ဒီကောင်လေးက သခင်လေးချင်က ညီလေးလို့ အသိအမှတ်ပြုအောင်လုပ်နိုင်တယ်ဆိုတော့ တော်တော်ထူးခြားတဲ့သူ ဖြစ်ရမယ်။ မင်းကိုဘယ်လိုခေါ်ရမလဲ၊ မိသားစုကရော ဘာစီးပွားရေးလုပ်တာလဲ”

“ကျွန်တော့်မျိုးရိုးနာမည်က ဖူပါ” ဖူကျို့က ပေါ့ပေါ့ပါးပါး ပြုံးကာ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။

“ကျွန်တော့်မိသားစုလုပ်ငန်းမှာ ၀င်မလုပ်ရသေးပါဘူး ဒါပေမမဲ့ သိပ်မကြာခင်မှာတော့ တာ၀န်ယူသွားဖို့ အစီအစဥ်ရှိပါတယ်”

သူဌေးကျန့်သည် “ဖူ” ဆိုသည့်စကားကို ကြားပြီးနောက် သူ့အသွင်အပြင်ကို မြင်သည်နှင့် ရုတ်တရက် သူ့စိတ်ထဲတွင် တစ်ခုခု၀င်လာသည်ဟု ထင်ရလေသည်။ “ ဖူ မိသားစုကို ပြောတာလား၊ ငါ တစ်ခါက မင်းအဖေနဲ့ စီးပွားရေးညီလာခံတစ်ခုမှာ တွေ့ဖူးတယ်။ ဖူမိသားစုစီးပွားရေးက တဖြည်းဖြည်းနဲ့ ကြီးလာပြီနော်။ မဆိုးဘူး တကယ်ကောင်းတယ်။ သခင်လေးဖူက ကွန်ပျူတာဂိမ်းမှာ တကယ့်ကို တော်ပြီး အဖွဲ့တော်တော်များများကလဲ သတိထားမိကြတယ်။ စီးအီးအိုချင်ရဲ့ ညီလေးအဖြစ် အသိအမှတ်ပြုခံရတာ မဆန်းတော့ပါဘူး။ ၂ယောက်လုံးက ငယ်ရွယ်တဲ့ပါရမီရှင်တွေပဲ”

“ဪ ဪ ဪ ကျွန်တော်မှတ်မိပြီ” သူဌေးလီလည်း စချီးမွမ်းခန်းဖွင့်တော့သည်။

“သခင်လေးဖူနဲ့ သခင်လေးအစ်ကိုကြီးတို့နှစ်ယောက်က တကယ် မတူတဲ့ကမ္ဘာနှစ်ခုမှာ ရှိနေကြသလိုပဲ။ တခြားသခင်လေးဖူက တကယ်ကို .........”

ထိုသို့ကြားလိုက်သည်နှင့် အတွင်းရေးမှူးလျန်မှာ သူဌေးလီက ဖူကျို့ကို သူ့ညီနှင့် မှားနေတာ သိသွားပြီး သူ့ကို ဆက်မပြောရန် ကြိုးစားတားလိုက်ရသည်။

ငွေရောင်ဆံပင်နှင့် ကောင်လေးက အေးစက်သောမျက်လုံးများဖြင့် အေးအေးဆေးဆေးပင်ပြုံးကာ “ တကယ်ကို ဘာဖြစ်တယ်”

*Free မစောင့်ချင်ရင်တော့ Paid group ကို page cb မှာ hi ပို့ပြီး မြန်မြန်သာလာဝင်လိုက်တော့နော်

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now