အခန်း (၈၄)

Börja om från början
                                    

“ ဒီဟင်းပွဲတွေနဲ့ မလောက်ဘူးထင်ရင် မင်းထပ်မှာလို့ရတယ်နော်” စီးကရက်မီးညှိရန်ခေါင်းကို တစ်ဖက်သို့ လှည့်ပြီး ပြောလိုက်သည်။ ____ သူ့ရဲ့တင့်တယ်တဲ့အသရေက ကျန်းမြို့တော်ရဲ့သခင်လို့ဖော်ပြနေတာ သံသယဖြစ်စရာကို မရှိဘူးရယ်။

အတွင်းရေးမှူးလျန်၏နားများ တစီစီအူသွားတာကို ခံစားလိုက်ရ၏။ စီးအီးအို…… သူတကယ်ပဲ ကောင်လေးရဲ့ အကြိုက်အတိုင်း ရွေးခဲ့လိုက်တာပေါ့။

ဖူကျို့အကြည့်က တစ်ဖက်စာမျက်နှာသို့ ရောက်သွားပြီး သူမပခုံးမှာ ချင်မော့၏ပခုံးကို ထိသွားလေသည်။ သူမ မီနူးကို အသာအယာပြုံးကြည့်ကာ “ ဟင်းသီးဟင်းရွက်များများပါတဲ့ ဟင်းတစ်ပွဲ ထည့်ပေးပါ”

ထိုသို့ကြားလိုက်သည်နှင့် ချင်မော့က ထိုဟင်းပွဲကို ခဲတံနှင့် အမှတ်ခြစ်ပြီးလှမ်းပေးလိုက်တော့သည်။

သူဌေးလီနဲ့ သူဌေးကျန့်က ဒါကိုမြင်လိုက်တော့ သခင်လေးချင်က ဒီကောင်လေးအပေါ်ထူးထူးခြားခြားကို ကောင်းပေးနေတာပဲလို့ တွေးမိကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။

“သခင်လေးချင် သူကဘယ်သူများ.........”

ချင်မော့ဆေးလိပ်သောက်လျက် နှာခေါင်းမှအငွေ့ကို မှုတ်ထုတ်ကာ စကားလုံးသုံးလုံးထွက်ကျလာ၏။

“ကျွန်တော့်ညီလေးလေ”

ညီလေးတဲ့လား။

ဘယ်တုန်းက အကြီးဆုံးသခင်လေးချင်မှာ ညီလေးတစ်ယောက်ရှိသွားတာလဲ။

ချင်မိသားစုမှာ သခင်လေးချင်ကလွဲရင် နောက်ထပ်သားတစ်ယောက် ရှိသေးတယ်လို့ သူတို့ တစ်ခါမှ မကြားဖူးပါလား။

အတွင်းရေးမှူးလျန်မှာ “ကျွန်တော့်ညီလေး”ဆိုသည့် စကားကြားလိုက်သည်နှင့် လက်ဖက်ရည် သောက်နေရာက နင်သွားကာ အကြီးအကျယ် ချောင်းထဆိုးလေတော့သည်။

စီးအီးအိုချင်ရယ် ပြောရဲလိုက်တာဗျာ ဒါနဲ့ သူဌေးနဲ့ သူဌေးကတော်ကိုရောမေးကြည့်ခဲ့သေးလို့လား။

ချင်မော့က သူ့ကို အသာပင်ကြည့်ကာ ဆေးလိပ်ငွေ့ကို အသာအယာမှုတ်ထုတ်ပြီး “ ကျွန်တော့် အသိအမှတ်ပြုရတဲ့ညီလေးပါ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Där berättelser lever. Upptäck nu