အပိုင်း (15)

Start from the beginning
                                    

ယောင် ကတော့ ချီဟန် တစ်ယောက် တုံရဲ့ ခြေထောက်ကို ကိုင်တွယ်တာ အရမ်းကိုထူးဆန်းတယ် လို့ ခံစားရလေတယ်။ ဒါပေမယ့် တုံ ရဲ့ သွေးထွက်နေတဲ့ နေရာမှန်သမျှက သွေးတွေ အကုန်တိတ် သွားတာကို မြင်ပြီး တဲ့နောက် ထိုသားရဲ တစ်ဝက်မှာ အရည်အချင်း တစ်ချို့ ရှိတယ်ဆိုတာ သိလိုက်ရလေတယ်။

ယေဘူယျ အားဖြင့်တော့ မျိုးနွယ်စု စုန်းမတွေကပဲ ဒဏ်ရာကို ဘယ်လိုကုရမလဲ ဆိုတာရယ်၊ ဆေးပင်တွေကို အမျိူးအစား ခွဲတာ ရယ် လုပ်နိုင်ကြတယ်လေ။ သူတို့ မျိုးနွယ်စု ထဲမှာ ဒီလိုမျိုး အကိုက်ခံ ရပြီး ခြေကျိုးသွားတဲ့ သားရဲ ထီးတွေ အများကြီး ရှိလေတယ်။ တကယ်လို့ ချီဟန်သာ တုံ ရဲ့ ကျိူးသွားတဲ့ ခြေထောက်ကို ကုနိုင်မယ် ဆိုရင် နှစ်တိုင်းပဲ မသန်မစွမ်းဖြစ်မှု ကို လျော့ချနိုင်မယ် ထင်တယ်။

သူ့ရဲ့ လေးစားအားကျ မှုကို ခဏလောက် ဖယ်ထားပြီးတော့ တုံဖြစ်ပျက် ခဲ့တာတွေကို သူသိသမျှ သေချာ ပြောပြကြတော့တယ်။ တုံနဲ့ အစွယ်ရှည် ကျားအကြောင်း ​ပြောနေတုံးမှာပဲ ဘာလို့ အဲ့နေရာ မှာ သားရဲထီး အုပ်စု မရှိသလိုဆိုတာတွေးမိတယ်။ ပြီးတော့ ထိုအုပ်စုက သူ့နောက်မှ ရောက်လာပေမယ့်ပေါ့လေ။

ခေါင်းဆောင်နဲ့ မျိုးနွယ်စု စုန်းမ တို့က တုံ ရဲ့ အသက်ကို လိုချင်လို့ လုပ်လိုက်တဲ့ ဖန်တီးမှုဆိုတာကို ချီဟန်သဘော ပေါက်လေတယ်။ သူတို့က တိုက်ရိုက်မတိုက် ခဲ့ပေမယ့် အခုကလည်း သွယ်ဝိုက်ပြီးတော့ တိုက်ခိုက်ခဲ့တာနဲ့ အတူတူ ပဲလေ။ တကယ်လို့ ယောင် တို့သာ အဲ့နေရာကို အချိန်မှီ မရောက်ခဲ့ရင် တုံ အသက်တောင် ရှင်မှာ မဟုတ်လေဘူး။

ချီဟန်က ဟုန်ယွင်ပြောတာကို ကြားဘူးခဲ့တယ်။ အရင်မျိုးနွယ်စုခေါင်းဆောင်ရဲ့ သားက အရွယ်ရောက်တာနဲ့ ခေါင်းဆောင် ရာထူး ယူလို့ ရသလို မယူရင်လည်း မျိုးနွယ်စုက ထွက်ပြီး မျိုးနွယ်စု အသစ် ထောင်လို့ ရတယ် ဆိုတာ ကို ပြန်အမှတ် ရသွားတယ်။

လိုက်ပါချင်တဲ့ မျိုးနွယ်စု ထဲက လူတွေကိုလည်း အကူအညီ ဖြစ်အောင် ခေါ်သွားလို့ ရလေတယ်။ ထိုလူတွေ လိုက်သရွေ့ပေါ့လေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now