အပိုင်း (13.1)

En başından başla
                                    

မျိုးနွယ်စုက ကျေးဇူးတင်လက်ဆောင် အနေနဲ့ ပေးထားတဲ့ အသားတွေက သူတို့ မြေအောက်ခန်းလေးရဲ့ နှစ်ပုံနဲ့ တစ်ဝက် ထိတောင် ပြည့်နေပြီလေ။ ထပ်ပေါင်းပြော ရရင် ငါးဖမ်းနေတယ် ဆိုတာက အရသာ ပြောင်းစားချင်ယုံတင်ကြောင့်ပါ။

ပြောရရင် အရင်ရက်တွေက လိုက်ခဲ့တဲ့ သားကောင်တွေက လွဲလို့ သိုလှောင်ခန်း ထဲမှာရှိတဲ့ အသားတွေ အကုန်လုံးကို လေသလပ်ခံပြီး အသားခြောက်တွေ လုပ်ပြီး သွားပြီလေ။ ဒါကြောင့် စားရတာ အရသာ သိပ်မကောင်းလေဘူး။

ဒါပေါ့ သူတို့ မိသားစု နှစ်ခုရဲ့ အသားတွေ ကသာ လွန်ခဲ့တဲ့ ရက်တွေ ကတည်းက တိုးလာ ပြီးတော့ လက်ဆက် နေသေးတာလေ။ တုံ မှာ အခုချိန်ထိ တော်တဲ့ သားရေ အဝတ်မရှိသေးပေ။ ဒါကြောင့် ချီဟန်က တုံ ကို ဟုန်ယွင်ရဲ့ တဲ ဆီကို ဆွဲခေါ်သွားပြီးတော့ သူ့အတွက် ကိုက်ညီမယ့် သားရေ အပိုင်းကို ဟုန်ယွင်အား ကူဖြတ်ပေးဖို့ တောင်းဆို ခဲ့တယ်လေ။ ပြီးတော့ ဟုန်ယွင် ဖြတ်ပေးတဲ့ အတိုင်း တိုင်းပဲ ချီဟန်က နောက်တစ်စုံစာ ဖြတ်လိုက်ပြီး တုံ အတွက် ထပ်ချုပ်ပေးပြန်တယ်။ တစ်ယောက်မှာ နှစ်စုံလောက် ရှိမှ အလဲအလှယ် လုပ်ပြီးဝတ်လို့ ရမှာမလို့လေ။

တုံ ဆီမှာ သားရေတွေ အများကြီး မရှိပါပေ။ ချီဟန်က သားရေ တွေရအောင် အသားတွေနဲ့ လဲလှယ်ခဲ့ပါတယ်။ မျိူးနွယ်စုရဲ့ အစွန်မှာ နေကြတဲ့ မသန်မစွမ်း သားရဲ လူသားအနည်းငယ် ရှိကြတယ်လေ။

သူတို့တဲတွေ ထဲမှာ သားရေတွေ အများကြီး သိမ်းထားပေမယ့် သန်စွမ်းတဲ့ သားရဲလူသားတွေလောက် အစာကို ဝဝလင်လင် မစားနိုင်ပါချေ။ ဒါကြောင့် ချီဟန်က တစ်ချို့ကို လဲလှယ်ပြီး တစ်ချို့ကိုတော့အထူး အနေနဲ့ ပေးခဲ့လေတယ်။

ဆင်းရဲတဲ့ သားရဲ လူသားတွေ ကလည်း သူတို့ရဲ့ မိသားစုကို စောင့်ရှောက်နေရဆဲ ဖြစ်ပြီးတော့ ဆောင်းရာသီက သူတို့အတွက်တော့ နှိပ်စက် ခံနေရသလိုပါပဲ။ ဒါကြောင့် သူတို့ကို ကူညီနိုင် သမျှတော့ ကူညီပေးလိုက်တာ အကောင်းဆုံးပါပဲ။

ဘာလို့လဲ ဆိုတော့ ဆောင်းတွင်းအတွက် မိသားစု တိုင်းက အစာလုံလောက် နေပြီလေ။ ပြီးတော့ ဟုန်ယွင်ရဲ့ တက်ကြွ ရွှင်လန်းတဲ့ ပင်ကိုယ်စရိုက်လေးတောင် ပြန်ပေါ်လာခဲ့ပြီ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Hikayelerin yaşadığı yer. Şimdi keşfedin