အပိုင်း (2.1)

Start from the beginning
                                    

ထိုသူတွေ အတွက်က အမဲမလိုက်နိုင်တဲ့ အတွက်ကြောင့် ခက်ခဲစွာ သေသွား ခဲ့ရတာ ပဲ ဖြစ်တယ်!

အသက် ၁၃ နှစ် ဆိုတာက သားရဲ အငယ်လေး လို့ ပြောလို့ရတယ်။ အစားအစာတွေက သားရဲလေး တွေနဲ့ အမ တွေ အတွက် အရမ်းကို အရေးပါလေတယ်။

ရွမ်တုံလေးဟာ လွန်ခဲ့တဲ့ ဆောင်းရာသီ ၂ ခု အတွင်းမှာ ဆာလောင် မှုကြောင့် သေလုနီးပါး ခံစားခဲ့ ရလေတယ်။ ပြီးတော့ ထို နှစ်နှစ် အတွင်းမှာ ရွမ်တုံလေးက ရင့်ကျင့်လာခဲ့တယ်။ စားသောက်ဖို့ လိုအပ်ချက် ကလည်း အရမ်းကို တိုးပွားလာတယ်။ သားကောင်တွေ ပေါများတဲ့ ဆောင်းဦးလို အချိန်မျိုး တောင်မှပဲ သူ့မှာ စားဖို့ လုံလောက်စွာ မရခဲ့ပေ။

မတက်နိုင်ပဲ သူက အမဲလိုက် အဖွဲ့နဲ့ လိုက်ခဲ့ရလေတယ်။ ဘာလို့လဲ ဆိုတော့ သူက သားရဲ ငယ်လေး ဖြစ်နေတာကြောင့် ကိုယ်ပိုင် ဂူမရှိသေးကာ သူ့ရဲ့ အစားအစာက ခေါင်းဆောင် ဆီကနေ ခွဲဝေ ခံရတာကြောင့်ပဲ ဖြစ်လေတယ်။

အရွယ်ရောက် သားရဲ လူသားတွေက ဖမ်းမိထားတဲ့ သားကောင် သုံးပုံ နှစ်ပုံကို ယူထားခွင့်ရှိပြီးတော့ ကျန်တဲ့ သုံးပုံ တစ်ပုံကိုတော့ အရွယ်မရောက်သေး တဲ့ အမတွေ၊ ခေါင်းဆောင် ၊ မျိုးနွယ်စု စုန်းမ အတွက် ဆက်သရလေတယ်။ အေးလှတဲ့ ရာသီမှာတောင်မှ သူတို့တွေ အစာမပြတ်လပ် စေဖို့ရာ ပေးရလေ့ရှိတယ်။

ဒါကြောင့်မလို့ ရွမ်တုံလေးဟာ ခေါင်းဆောင်ကို ရှာပြီးတော့ ဆောင်းဦး ချန်ပီယံ ပြိုင်ပွဲ အကြောင်းကို မေးခဲ့လေတယ်။ ခေါင်းဆောင် က အဲ့အကြောင်းကို ချက်ချင်း ပြန်မပြောပေးခဲ့ပေ။

သူ့ရဲ့ အရေးမပါလှတဲ့ အခြေအနေမှာ သူ့ကိုချစ်တဲ့ မိဘတွေ ကလည်း မရှိတော့တာကြောင့် ဆောင်းရာသီ လုံးလုံး မဝင်ခင် ဘယ်အမမှ သူ့ကို လက်မထပ်လိုကြပေ။ သူက သားရဲ တစ်ဝက်တွေ ကိုပဲ လက်ဆက်ခွင့် ရှိလေတယ်။ ပြီးတော့ သားရဲ တစ်ဝက်က တောင်မှ သူ့ကို ငြင်းပယ်လိုက်ရင် သူ့မှာ လက်ဆက်လို့ မရတော့ပါချေ။

သန်မာမှုတဲ့ သားရဲ လူသားက အားလုံး ထဲမှာ  အကောင်းဆုံး ပဲလေ။ ဘယ်သူက ဆောင်းရာသီမှာ လုံလုံ ခြုံခြုံမဖြတ်သန်း ချင်ပဲ နေမှာတဲ့လဲ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now