အခန်း (၄၆)

Start from the beginning
                                    

ပတ်ဝန်းကျင်၏ အေးစိမ့်မှုက စိတ်ကူးထားသည်ထက်ပို၍ အေးစိမ့်နေသည်။ COCOက တကယ်လို့ သူဟာ ရေခဲတွေချည်း သီးသန့်ရှိသည့် မြေအောက်ခန်းသို့ ပြုတ်ကျသွားခဲ့မည်ဆိုရင် လူတွေ နှလုံးသားအောက်ခြေက အေးစိမ့်မှုကို ခံစားရစေသည့် ထိုအအေးဒဏ်က ပြောစရာမလိုအောင်ပင် သေချာပေါက် သူတို့အစ်ကိုကြီးဆီကလာတာ ဖြစ်ရပေမည်ဟုခံစားမိသည်။

COCOက သူ့ခေါင်းကိုလှည့်လိုက်ပြီး ဖက်တီးကို မျက်စပစ်ပြသည်။
ဘာလို့ ငါတို့အစ်ကိုကြီးရဲ့ မျက်လုံးအကြည့်တွေက သန့်စင်ခန်းကို သွားပြီးမှ အရောင်ပြောင်းလာရတာလဲ၊ သူတစ်ယောက်ယောက်ကို သတ်ချင်နေတယ်လို့ ငါကတော့ ခံစားမိနေတယ်နော်။

ဖက်တီးက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး
ငါဘယ်လိုလုပ်သိမှာလဲ၊ စကားမပြောနဲ့၊ အစ်ကိုကြီး မင်းကို စိုက်မကြည့်လာစေနဲ့။

သူတို့နှစ်ယောက်လုံးက အလိုလိုထိုင်ချပြီးသည်နှင့် သူ့တို့အစ်ကိုကြီး၏ အမှောင်ဘက်ကျပြီး မကောင်းဆိုးဝါးဆန်နေသည့်အသံဟာ သူတို့ခေါင်းပေါ်မှ ထွက်လာလေသည်။

"နောက်ထပ်ကျောက်ပုစွန်ဆယ်ကောင်ယူလာခဲ့၊ ကြီးတဲ့ဟာတွေပဲ ဖြစ်ပါစေ"
COCOနှင့်ဖက်တီးသာမက သူတို့နံဘေး၌ ရပ်နေသည့် စားပွဲထိုးတောင်မှ ချင်မော့ကို

"ထပ်ပြီးတော့လားလို့"မေးလိုက်လေသည်။
သို့သော် စီအိုးအို၏စကားက အမိန့်ဖြစ်လေသည်။ ထိုအရာက ကို့ရို့ကားယားနိုင်ပေသည်။

ဒီအရာက ငါတို့အစ်ကိုကြီးရဲ့စတိုင်လုံးလုံး မဟုတ်တာဟ၊ ပြီးတော့ ဒီ မရှင်တရှင်ကျောက်ပုစွန်တွေ အကုန်စားရမဲ့ ဟိုကောင်လေးရဲ့အစာအိမ်ကလည်း သက်သောင့်သက်သာ မဖြစ်နေနိုင်ဘူး။

စားပွဲထိုး ထွက်သွားသည်နှင့် ဖက်တီးက တစ်စုံတစ်ခုကို တွေးမိပြီးတော့ မေးခွန်းထုတ်လိုက်သည်။
"အစ်ကိုကြီး ဖူကျို့က "Spade Z" လို့ထင်လား၊ ဘာလို့ ငါက ဒီကောင်လေး ထူးဆန်းတယ်လို့မြင်မိတာပါလိမ့်"

"သူက ဂေးတစ်ယောက်လေ ဂေးတွေဆိုတာအဲ့လိုပါပဲ"
COCOက ဖူကျို့အတွက် တစ်ခုခုပြောပေးကာ ထပ်ပြီးတော့
"ဒါပေမဲ့ သူက ငါအရင်ကသိတဲ့ ဖူမိသားစုရဲ့ အသုံးမကျတဲ့သားနဲ့ မတူတော့သလိုပဲ၊ အရင်ကလိုမျိုး မဟုတ်တော့တာလား"
"အရင်က ဘယ်လိုမျိုးလဲ"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now