《 Chapter 73 》

1.4K 276 0
                                    

{Unicode}

အခန်း (၇၃) - ချော့ရမှာလား မချော့ရဘူးလား?

ဆေးရုံသို့ သွားရာလမ်းတလျှောက် ရှန်ဖန်းချီက ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ဖြည်းဖြည်းချင်း ပြန်ပြောပြပေးခဲ့တယ်။

အဖြစ်အပျက်တွေကို ရိုးရိုးရှင်းရှင်းလေး သူရှင်းပြနေပေမဲ့ ဒီဟာက သူတို့အတွက် လုံးဝ မလွယ်ကူခဲ့ဘူးဆိုတာကို ရှန်မုအန်းသိနေခဲ့တယ်။

ရှန်မုအန်းမော့ကြည့်လိုက်တာနဲ့ ရှန်ဖန်းချီနဲ့ ချူယီတို့ရဲ့မျက်လုံးအောက်က ပြာနှမ်းနေတဲ့ မျက်အိတ်တွေကို သူမြင်နေရတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း သူတို့တွေ ကောင်းကောင်းအနားမယူခဲ့ကြရဘူးဆိုတာ သိသာထင်ရှားနေတယ်။ ရှန်မုအန်းနဲ့ ယွေ့ယွေ့ကို မြင်တွေ့ပြီးတဲ့နောက်မှသာ သူတို့တွေ နောက်ဆုံးတော့ စိတ်သက်သာရာရစွာ အသက်ရှူနိုင်ခဲ့ကြတယ်၊ ဒီအရာကြောင့် သူတို့တွေ အတော်လေး စိတ်ပင်ပန်းခဲ့ကြရတယ်။

"အကိုကြီးတို့ အနားယူသင့်တယ်နော်" ရှန်မုအန်း သူတို့နှစ်ယောက်ကို ဆက်မကြည့်ရက်တော့ဘူး။ ရှန်မုအန်း သူ့လက်ကိုဆန့်ပြီး ရှန်ဖန်းချီရဲ့မျက်လုံးတွေကို ကာပေးလိုက်ကာ သူ့ကိုယ်ကိုမှီပြီး ခဏတဖြုတ်လောက် နားနေစေလိုက်တယ်။

နောက်ကြည့်မှန်ကနေတဆင့် ရှန်မုအန်းရဲ့ပခုံးကို မှီထားတဲ့ ရှန်ဖန်းချီကို မြင်တွေ့လိုက်ရချိန်မှာ ချူယီတယောက် နည်းနည်းလေး မနာလိုဖြစ်မိသွားတယ်။ သို့ပေသည့် ဒီလူ့ကို သူရန်စလို့မရတာကြောင့် အားကျစိတ်တွေနဲ့သာ ကြည့်နေရတယ်။

ရှန်ဖန်းချီတယောက် သူ့ညီလေးက အရင်လို ချစ်ဖို့ကောင်းနေတုန်းပဲလို့ ခံစားလိုက်ရတယ်။ အဲ့ဒါကြောင့် ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ရှန်မုအန်းရဲ့ပခုံးပေါ်ကို မှီချလိုက်တာဖြစ်တယ်။ သူ့ညီလေးက သူ့ကို တအားဂရုစိုက်တာကို မြင်ရတော့ သူ့ကို နည်းနည်းလောက် စနောက်လိုက်ချင်ပေမဲ့ သိပ်မကြာခင်မှာဘဲ သူအိပ်ပျော်သွားလိမ့်မယ်လို့ ထင်မထားမိလိုက်ဘူး...

ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဘေးဒုက္ခကြီးအတွင်း ရှန်ဖန်းချီခမျာ စိတ်ကို လုံးဝ တင်းထားခဲ့ရတယ်။ အခုအချိန်မှာ သူ နောက်ဆုံးတော့ အနားယူနိုင်သွားပြီး သူသိတဲ့ တစုံတယောက်အပေါ် မှီထားရင်းကနေ အလျင်အမြန် အိပ်မောကျသွားခဲ့တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now