《 Chapter 18 》

2.6K 453 6
                                    

{Unicode}

အခန်း (၁၈) - ကြွက်သားခြောက်ထုပ်၏ဇာစ်မြစ်

ရှန်မုအန်း သူ့ခြေလှမ်းတွေကို ပုံမှန်အတိုင်း မနှေးမမြန်စေဘဲ အရှေ့ကိုဆက်လျှောက်နေခဲ့တယ်။ သူ့နောက်ကလူကို ဆက်တိုက်အာရုံစိုက်ထားရင်း တဖက်လူရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိသေးတာကြောင့် အဆိုးဆုံးအခြေအနေကို သူ မတွေးဘဲမနေနိုင်ဘူး။

ရှန်မုအန်းရဲ့အကိုကြီးဖြစ်သူ၊ မူခင်းရဲအရာရှိတယောက်တဖြစ်လဲ၊ ရှန်ဖန်းချီက မရေမတွက်နိုင်တဲ့လူတွေကို ဖမ်းဆီးနိုင်ခဲ့တယ်။ သူ့ဆီရောက်လာတဲ့ ပြစ်မှုအများစုမှာ သွေးထွက်သံယိုဖြစ်တာတွေပဲဖြစ်တယ်။

နှစ်ပေါင်းများစွာ၊ မှုခင်းရဲအရာရှိတယောက်အဖြစ် တာဝန်ထမ်းဆောင်လာခဲ့တဲ့ ရှန်ဖန်းချီက လူအတော်များများရဲ့အမြင်မှာ ဆူးတချောင်းလိုမျိုး သတ်မှတ်ခံထားရသူဖြစ်တယ်။ အဲ့ဒီလူတွေဆိုတာက သူ့လက်နဲ့ကိုယ်တိုင်ဖမ်းချုပ်ပြီး ထောင်ထဲအပို့ခံလိုက်ရသူတွေဖြစ်ကာ၊ သူတို့ထဲက လူတချို့ကတော့ သူ့ကိုမငြိုးဘဲမနေနိုင်ကြဘူး။

ရှန်မုအန်းကောလိပ်တက်တဲ့အချိန်မှာ ရှန်ဖန်းချီက စွမ်းဆောင်ရည်အမြင့်ဆုံးအချိန်ဖြစ်နေပြီး၊ ၎င်းတို့က ရှန်ဖန်းချီကို တိုက်ခိုက်ဖို့ ခက်ခဲကြောင်း တွေ့ရှိသွားခဲ့ကြတယ်၊ ထို့ကြောင့် ရှန်ဖန်းချီကို လက်တုံ့ပြန်ရန်အတွက် ရှန်မုအန်းအား အစားထိုးအနေနဲ့ အန္တရာယ်ပေးလာခဲ့ကြတယ်။

ရှန်မုအန်းက ခြိမ်းခြောက်မှုများစွာကို ခံခဲ့ရတာဖြစ်တယ်။ သူက မုန်းတီးဖွယ်ရာ စာသားမက်ဆေ့ချ်များ၊ သတင်းစာများမှ ဖြတ်ညှပ်ကပ်လုပ်ထားသော နိမိတ်မကောင်းတဲ့စာများအပြင် မြင်းငါးကောင်ဖြင့် အဆွဲခံထားရသလို ငါးပိုင်းပြတ်ထွက်နေပြီး ဘာမှန်းမသိတဲ့ သွေးတွေစွန်းထင်းနေတဲ့ အရုပ်အပိုင်းအစတွေကိုပါ လက်ခံရရှိခဲ့တယ်။ ပိုဆိုးတာက သူတို့တွေက ပုပ်သိုးနေတဲ့ ကြွက်အသေကောင်တွေ၊ ခွဲစိတ်ခံထားရတဲ့ ကြောင်တွေနဲ့ တိရစ္ဆာန်အချို့ရဲ့ကိုယ်တွင်းအင်္ဂါတွေကိုပါ စတင်ပေးပို့လာကြတာပဲဖြစ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Waar verhalen tot leven komen. Ontdek het nu