《 Chapter 48 》

1.7K 304 10
                                    

{Unicode}

အခန်း (၄၈) - ညအိပ်ညနေ,နေခြင်း

ဒီညတော့ ယွေ့ယွေ့နဲ့ အတူတူအိပ်ရုံကလွဲပြီး ရွေးစရာမရှိတာကို သိပြီးသွားတဲ့နောက် ချူစစ်ယွမ်က သူကလေးလိုလုပ်နေတာ အသုံးမဝင်ဘူးဆိုတာကို တွေးမိလိုက်တယ်။ မျက်ရည်တွေနဲ့ ထမင်းပန်းကန်လုံးကြီး နှစ်ပန်းကန်လောက် သူစားပစ်လိုက်တယ်၊ သူ့ဗိုက်လေးက ဗုံးအသေးလေးတလုံးနဲ့တောင် ဆင်တူနေခဲ့ပြီ။

ရှန်မုအန်းက ချူစစ်ယွမ်ရဲ့ဗိုက်သားလေးကို ညင်ညင်သာသာလေး ထိကြည့်လိုက်တယ်။ ချူစစ်ယွမ်ရဲ့ဗိုက်လေး ပေါက်ကွဲထွက်သွားမှာစိုးတဲ့အတွက် သူ့ခမျာ ခပ်ပြင်းပြင်းမဖိရဲလေဘူး။

"မင်း ဒါကို သယ်ရောသယ်နိုင်သေးရဲ့လား?" ချူယီက ချူစစ်ယွမ်ရဲ့ဗိုက်လေးကို ပုတ်လိုက်တယ်။ ချူစစ်ယွမ်က သူ့လက်တိုတိုလေးနှစ်ဖက်နဲ့ သူ့ဗိုက်လေးကိုကိုင်ရင်း ခုန်ထလိုက်ကာ သူ့ဦးလေးကို သတိကြီးစွာ စိုက်ကြည့်နေခဲ့တယ်။

"ဦးဦးကိုမုန်းတယ်" ချူစစ်ယွမ်က မုန်းတီးနေပုံရတယ်။ သူ့အမုန်းတွေ ဖြစ်ပေါ်လာခဲ့ရင်တောင် ချူယီက ချူစစ်ယွမ်ရဲ့အမုန်းတွေကို ဟိုးအရင်ကတည်းက မြုပ်နှံထားခဲ့ပြီးပြီဖြစ်တယ်။

"ငါ မင်းကိုစိုးရိမ်လို့ပါကွာ" ချူယီက လေးလေးနက်နက် ပြောလိုက်တာဖြစ်ပေမဲ့ ကြည့်ရတာ သူ့စကားကို ဘယ်သူမှယုံကြည်ပုံမရဘူး။

ချူစစ်ယွမ်က သူ့ဦးလေးကို စောင့်ကြည့်မြဲစောင့်ကြည့်ဆဲပင်။ လက်အိတ်ဖြူလေး တိတ်တဆိတ် ချဉ်းကပ်လာတာကို ဘယ်သူမှ သတိမထားလိုက်ကြချေ။ လက်အိတ်ဖြူလေးက သူ့ခေါင်းကို မော့ကာ ရှေ့ခြေဖဝါးလေးတွေကို ကွေးပြီး ဖြည်းဖြည်းချင်း ထရပ်လာခဲ့တယ်။ သူ့ရဲ့ကြောင်မျက်လုံးကြီးနှစ်လုံးက ချူစစ်ယွမ်ရဲ့ဗိုက်လေးကို စိုက်ကြည့်နေခဲ့တယ်။

လက်အိတ်ဖြူလေးက သူ့ခြေဖဝါးလေးတွေကို အရင်ဆန့်ထုတ်ပြီး ချူစစ်ယွမ်ရဲ့ဗိုက်ကို လှမ်းထိလိုက်တယ်၊ ပြီးမှ ရုတ်တရက် ခုန်တက်လာပြီး ဗိုက်ပေါ်ကို နင်းချလိုက်တယ်။ သူက ထိုဗိုက်လေးကို အသုံးပြုပြီး စားပွဲပေါ်ကို ခုန်တက်လိုက်ကာ အသားတတုံးကို ကိုက်ချီပြီး ထွက်ပြေးသွားတော့တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now