《 Chapter 2 》

5.3K 786 21
                                    

{Unicode}

အခန်း (၂) - စကားများရန်ဖြစ်ခြင်း

ကျောင်းအုပ်ကြီးနှင့် ဖုန်းပြောပြီးနောက် ရှန်မုအန်းတစ်ယောက် ကျီးကျီး၏ဦးလေးဖြစ်သူ ဖန်းရွှိအား မသိမသာလေး ရှာကြည့်လိုက်ပေမယ့် ထိုသူက ထွက်သွားလေပြီ။

သူကပြန်တောင်သွားပြီလား?

ရှန်မုအန်း သူ့မပြေလည်မှုတွေကို ဖိနှိပ်ထားပြီး မူကြိုကျောင်းဂိတ်ဝကို အမြန်ပြေးသွားလိုက်တယ်။ လူတစ်ယောက်မှမရှိဘူး... ပြီးတော့ ကားလည်းထွက်သွားပြီဖြစ်တယ်။

"ဦးလေး၊ ဟိုနားမှာရပ်ထားတဲ့ကားလေ၊ ထွက်သွားပြီလားဟင်?" ရှန်မုအန်း လုံခြုံရေးအခန်းထဲက ဦးလေးကြီးကို အပြေးလေးမေးလိုက်တယ်။ ဦးလေးကြီးက လက်ထဲမှာရေနွေးခွက်ကိုကိုင်ရင်း ငြိမ်သက်စွာထိုင်နေခဲ့တယ်။ "ထွက်သွားတာ ငါးမိနစ်၊ ခြောက်မိနစ်လောက်ရှိပြီကွ"

"ဘာဖြစ်လို့လဲ?" ဦးလေးကြီးက မေးလာတယ်။

"ကလေးကို ကျောင်းမှားပို့လိုက်လို့" ရှန်မုအန်း သက်ပြင်းချလိုက်တယ်။ တစ်ချို့မိဘတွေက ကလေးတွေပျော်ရွှင်နေကြချိန်မှာ တိတ်တိတ်လေး ပြန်သွားကြသော်ငြား မပြန်ခင် ဆရာတွေကိုအသိပေးပြီးမှ သွားကြတာဖြစ်တယ်။ သူတို့စိတ်တိုင်းကျတယ်ဆိုရင် တခြားဆရာတွေနဲ့ အလိုက်အထိုက် ဆက်ဆံပေးတတ်ကြတယ်။ မမျှော်လင့်ဘဲ၊ ဒီနေ့ရောက်လာတဲ့ မစ္စတာဖန်းကတော့ သိပ်မဟုတ်လှဘူး။

သူက ဘာစကားတစ်ခွန်း၊ ဘာလုပ်ရိုးလုပ်စဥ်မှမရှိတဲ့အပြင် ဆက်သွယ်ရမယ့် မည်သည့်အချက်အလက်ကိုမှ ချန်မထားပေးခဲ့ဘူး။ တစ်ဖက်လူရဲ့စိတ်နေသဘောထားနဲ့ ဇိမ်ခံကားကြောင့်သာမဟုတ်ရင် သူ ကလေးကို ဒီမှာ တမင်သက်သက် လာပစ်ထားတာပဲလို့ ရှန်မုအန်းသံသယဖြစ်မိလိမ့်မယ်။

ရှန်မုအန်းရဲ့မကောင်းတဲ့အတွေးတွေကိုလည်း အပြစ်တင်လို့မရဘူး။ အရင်တုန်းက တစ်ချို့မိဘတွေက သူတို့ကလေးတွေကို မူကြိုကျောင်းဂိတ်ဝမှာ ထားပစ်ခဲ့ကြတယ်။ ရဲတွေက မိဘတွေကို နောက်ဆုံးရှာတွေ့သွားချိန်မှာတော့ မိဘတွေက ကလေးကိုပြန်မခေါ်ချင်ကြတော့ဘူး။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now