《 Chapter 26.2 》

2.3K 408 10
                                    

{Unicode}

အခန်း (၂၆) - ယုံကြည်မှု (အပိုင်း ၂)

ကားအနက်တစီး လမ်းဘေးမှာ ချရပ်လိုက်တယ်၊ ထို့နောက် ယာဉ်မောင်းထိုင်ခုံဘေးရှိ မှန်ပြတင်းပေါက်က ဖြည်းဖြည်းချင်း နိမ့်ဆင်းလာတယ်။ ဒါက ချူယီရဲ့ကားပင်။

"ဟိုင်း!" ရှန်မုအန်းက အပြုံးလေးတပွင့်နဲ့ နှုတ်ဆက်လာတယ်၊ "ကျွန်တော့်လက်မောင်းထဲကို ကြည့်ပါအုံး" ချူယီ့ကို ငုံ့ကြည့်ဖို့ သူအချက်ပြလိုက်တယ်။

ချူယီကားမောင်းလာတုန်းက ရှန်မုအန်း တခုခုကိုပွေ့ထားတာကို သူမြင်လိုက်တယ်၊ သူပွေ့ပိုက်ထားတာက အဖြူနဲ့ အနက်ကြောင်လေးဖြစ်မယ်လို့တော့ သူထင်မထားခဲ့ဘူး။

"သူအိပ်နေတာလား?" ချူယီက မေးလိုက်တယ်။

မဟုတ်ဘူး၊ ခင်ဗျားကိုကြောက်နေတာ။

ရှန်မုအန်းက အဲ့ဒီလိုဖြေလိုက်ချင်ပေမဲ့ ချူယီ့ခံစားချက်တွေကို နာကျင်စေမှာစိုးတဲ့အတွက် သူပြုံးဘဲပြုံးပြလိုက်တယ်။

"ခဏလောက် စောင့်ပေးပါအုံးနော်၊ စောနလေးတင် ကျွန်တော် သူ့ကို ကြောင်စာ စည်သွတ်ဘူးနှစ်ဘူး ဝယ်ကျွေးမယ်လို့ ကတိပေးထားမိလို့" ရှန်မုအန်းက ပြုံးပြရင်း ပြောလိုက်တယ်၊ သူ ဒီလက်အိတ်ဖြူလေးကို ချူယီရဲ့အန္တရာယ်ဇုန်နဲ့ဝေးတဲ့ အခြားတနေရာကို ပို့ပေးမှဖြစ်မယ်။

"ကျွန်တော်လဲ ခင်ဗျားနဲ့လိုက်ခဲ့မယ်လေ" ချူယီတယောက် ကားပေါ်ကဆင်းဖို့ပြင်လိုက်ပေမဲ့ ချက်ချင်းဆိုသလို ရှန်မုအန်းတားမြစ်တာကို ခံလိုက်ရတယ်။

"ရပါတယ်၊ ကျွန်တော်မြန်မြန်သွားလိုက်မယ်" ရှန်မုအန်း ဒီလိုပြောပြီးတဲ့နောက် လက်အိတ်ဖြူလေးကိုချီရင်း သူဒီကိုလာတုန်းက မြင်လိုက်တဲ့ အနီးနားက အိမ်မွေးတိရစ္ဆာန်ဆိုင်ကို သွားလိုက်တော့တယ်။

ချူယီက ရှန်မုအန်းထွက်သွားတာကိုကြည့်နေရင်း သူ့ကိုယ်လုံးကိုယ်ပေါက်နဲ့ ကြောင်ကလေးရဲ့ လက်ရှိအခြေအနေကို သတိရသွားတော့မှ ဘာတွေဖြစ်နေသလဲဆိုတာကို သူသဘောပေါက်သွားတော့တယ်။ သူကားရပ်လို့ရတဲ့နေရာတခုရှာပြီး ရှန်မုအန်းကို စောင့်ဆိုင်းနေခဲ့တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now