《 Chapter 39 》

1.9K 375 4
                                    

{Unicode}

အခန်း (၃၉) - သူတို့ရဲ့ပြိုင်ဘက်

"မင်းဘာဖြစ်နေတာလဲ?" ချူယီက ချူစစ်ယွမ်ရဲ့မျက်နှာကို ပုတ်လိုက်တယ်။ ပုံမှန်အားဖြင့် ချူစစ်ယွမ်က ဒီလောက်အစခံနေရပြီဆိုရင် ချက်ချင်းကို ထပေါက်ကွဲတော့မှာဖြစ်ပေမဲ့ ဒီနေ့တော့ ဘာတုံ့ပြန်မှုမှရှိမနေဘူး။

ချူစစ်ယွမ်က ချူယီစနောက်တာကို အာရုံစိုက်ချင်စိတ်မရှိဘူး၊ သူ့ကိုယ်သူယုံကြည်မှုတွေ ကျဆင်းသွားတယ်လို့ ခံစားနေရတယ်။

ရှန်မုအန်း ယွေ့ယွေ့အနားကိုကပ်သွားတာနဲ့တပြိုင်နက် ချူစစ်ယွမ်က မသိမသာလေး နောက်တလှမ်း ဆုတ်လိုက်ကာ ထိုသူတို့အား မျက်နှာချင်းမဆိုင်ချင်ဟန် တဖက်လှည့်ပစ်လိုက်တယ်။

ဒီဆက်တိုက်လှုပ်ရှားမှုကို ချူယီမြင်သွားခဲ့ပြီး ဒီနေ့ဘာဖြစ်ခဲ့တာလဲဆိုတာကို နည်းနည်းသိချင်သွားမိတယ်။

ရှန်မုအန်းက ချူယီ့နား,အနား တိုးကပ်ပြီး ဒီနေ့အဖြစ်အပျက်ကို တိုးတိုးလေး ပြောပြလာတယ်။ ဇာတ်ကြောင်းကို ပြန်ပြောပြနေရင်း ရှန်မုအန်းခမျာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရတယ်၊ ချူစစ်ယွမ်လေး အများကြီး စိတ်ထိခိုက်သွားမှာကို စိုးရိမ်တာကြောင့် သူကြိုးစားထိန်းချုပ်ထားခဲ့တာဖြစ်တယ်။

ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစိတ်က ကျိုးကြေလွယ်တယ်။

အဖြစ်အပျက်ကို နားထောင်ပြီးနောက် ချူယီက ရယ်ချင်နေပေမဲ့ ရှန်မုအန်းက သူ့လည်ဂုတ်ကို ဖမ်းဆွဲပြီး ဘေးကို ဆွဲခေါ်သွားခဲ့တယ်။ သူဒီလိုလုပ်လိုက်တာက တချိန်လုံး နောက်ပြန်လှည့်ကြည့်ပြီး ကုတ်ချောင်းချောင်းဖြစ်နေတဲ့ ချူစစ်ယွမ်တယောက် ချူယီရဲ့မျက်နှာအမူအရာကို မမြင်စေချင်တာကြောင့်ပါပဲ။

ချူယီ့ခမျာ လန့်ဖြန့်သွားတော့တယ်။ အီနားရှားကြောင့် သူ့ခန္ဓာကိုယ်တဝက်က ရှန်မုအန်းကို မှီထားရတယ်။ သူခေါင်းနည်းနည်းမော့လိုက်ရင် ရှန်မုအန်းမျက်နှာကိုတောင် သူထိမိတော့မယ်။ သူဘယ်လိုတုံ့ပြန်လိုက်သင့်လဲ? ဒီ့အတွက် သူကြိုတင်မပြင်ဆင်ထားရသေးဘူးလေ။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now