《 Chapter 53 》

1.5K 311 3
                                    

{Unicode}

အခန်း (၅၃) - သူအမှောင်ကိုကြောက်မနေဖို့ ငါမျှော်လင့်ပါတယ်

မူကြိုကျောင်းက မိဘ-ကလေးလှုပ်ရှားမှုအကြောင်း သူပထမဆုံးကြားသိရချိန်မှာ ရှန်းလျန်တယောက် အတော်လေး စိတ်လှုပ်ရှားနေမိတယ်။ ခယ်ခယ်နဲ့အတူ မိဘ-ကလေးလှုပ်ရှားမှုမှာ သူတခါမှ ပါဝင်မဆင်နွှဲဖူးဘူးလေ။

ဒါပေမဲ့ အဲ့ဒီအကြောင်းကို သူပိုတွေးလေလေ ဒီအကြံကို သူလက်လျော့မိလေလေပါပဲ။ သူ့ရုပ်ကြီးပေါ်လာတာနဲ့ မူကြိုကျောင်းက မိဘ-ကလေးလှုပ်ရှားမှုပွဲလေး ပျက်စီးသွားလိမ့်မယ်လို့ ခန့်မှန်းမိနေတယ်။

သူက ဘာလို့ ဒီလောက်တောင်ကြောက်စရာကောင်းနေရတာလဲ? နောက်ပြီး မျက်နှာပေါ်မှာ အမာရွတ်ကြီးနဲ့ဆိုတော့ ကျိန်းသေပေါက် သူက လူကောင်းတယောက်နဲ့ ဘယ်တူပါတော့မလဲ။

ရှန်းလျန်ခမျာ သူ့ရဲ့ရုပ်ရည်သွင်ပြင်ကြောင့် အတော်လေး ဒုက္ခရောက်ခဲ့ရတယ်။ သူ့ရဲ့ကြမ်းတမ်းခက်ထန်တဲ့ ရုပ်ရည်ကြောင့် တခြားသူတွေကို လွယ်လင့်တကူ အလန့်တကြားဖြစ်စေခဲ့တယ်။ တခါတလေမှာ သူ့ရဲ့သာမန်ကာလျှံကာ အကြည့်တချက်က တချို့လူတွေအား သူ့ဖက်က ရန်စနေတယ်လို့တောင် ခံစားသွားရစေတယ်။ သူ့ရဲ့အသွင်အပြင်ကြောင့်ပဲ သူဟာ အဖွဲ့အစည်းထဲက လူအဖြစ် အလွယ်တကူ သတ်မှတ်ခံခဲ့ရတယ်၊ တချို့လူတွေဆိုရင် အထွတ်အမြတ်ထားရာ တောင်ထိပ်လိုမျိုး သူ့ကို ကိုးကွယ်ကြပြီး ဘော့စ်တယောက်အဖြစ်ပါ တရားဝင်အသိအမှတ်ပြုထားကြတယ်။

ရှန်းလျန်ခမျာ အချိန်အတော်ကြာ စိတ်သောကရောက်ခဲ့ရတယ်။

အပြန်ပြန်အလှန်လှန် စဉ်းစားတွေးတောလိုက်တဲ့အခါ ရလဒ်အနေနဲ့ ရှန်းလျန်မှာ ပြဿနာတပုံတပင်ကြီးသာ ကျန်ရစ်ခဲ့တော့တယ်။ ဒီလမ်းကို သူဘယ်ကဘယ်လိုလျှောက်မိသွားမှန်း သူ့ကိုယ်သူတောင် မသိလိုက်ဘူး။

သူ့မျက်နှာပေါ်က အမာရွတ်က အဲ့ဒီအချိန်တုန်းက ရခဲ့တာဖြစ်တယ်၊ ဒါပေမဲ့ သူလုပ်နေတာတွေက မှားယွင်းနေမှန်း သူအလျင်အမြန် သဘောပေါက်သွားခဲ့တာကြောင့် သူ့နောက်ကိုလိုက်နေကြတဲ့ ညီအကိုအုပ်စုကို ပြုပြင်ပြောင်းလဲဖို့ သူဖျောင်းဖျခဲ့တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now