《 Chapter 45 》

1.9K 342 1
                                    

{Unicode}

အခန်း (၄၅) - မင်းပြောင်းချင်လား?

ဈာပနအခမ်းအနားအပြီးမှာ အဘိုးကုက ယွေ့ယွေ့ကို ရှန်မုအန်းနဲ့ ရှန်ဖန်းချီတို့ထံ ကိုယ်တိုင်ကိုယ်ကျ အပ်နှံခဲ့တယ်။ မျက်လုံးထဲမှာ မျက်ရည်တွေ ဝေ့သီနေရင်းနဲ့ သူ့မြေးကလေးကို ကြည့်နေမိတယ်။ လက်မလွှတ်ပေးချင်ဘူးဆိုသော်ငြား ဒါက အကောင်းဆုံးနည်းလမ်းပဲဆိုတာကို သူသိနေခဲ့တယ်။

ယွေ့ယွေ့တယောက် ရှန်မိသားစုမှာ သူ့ကိုဂရုစိုက်ပေးကြမဲ့ အကိုကြီးနှစ်ယောက်ရှိလာတော့မှာဖြစ်ပြီး လူအိုကြီးစုံတွဲနောက်ကိုလိုက်တာထက်စာရင် အများကြီးပိုကောင်းသွားလိမ့်မယ်။

ရှန်မုအန်း အစက တွေးမိလိုက်တာက ယွေ့ယွေ့တယောက် သူ့အဘိုးအဘွားတွေနဲ့ ခဏတဖြုတ်လောက် အတူတူနေသင့်တယ်လို့ပဲ၊ သို့ပေမဲ့ အဘိုးကုနဲ့ အဘွားကုတို့ကတော့ ယွေ့ယွေ့လေးကို ဖြစ်နိုင်ရင် တည်ငြိမ်အေးချမ်းတဲ့ ဘဝတခု အမြန်ဆုံး စတင်တည်ဆောက်စေချင်ကြတယ်။

အဘိုးကုက ရှန်ဖန်းချီဘက်ကိုလှည့်ပြီး သူ့ထံ တခုခုပြောချင်နေပုံရပေမဲ့ ယွေ့ယွေ့လေးကို မကြားစေချင်သလိုမျိုး ကြည့်မြဲကြည့်နေတယ်။ ရှန်မုအန်းက ဒီအခြင်းအရာကို မြင်သွားခဲ့တာကြောင့် ယွေ့ယွေ့ကို တခြားတနေရာဆီ ခေါ်သွားပေးပြီး နှစ်ယောက်သား စကားပြောလို့ရအောင် ရှောင်ပေးလိုက်တယ်။

ရှန်မုအန်း ယွေ့ယွေ့လေးကို အဝေးခေါ်သွားပြီးပြီးချင်းမှာပဲ အဘိုးကုက ရုတ်တရက် ရှန်ဖန်းချီရှေ့မှာ ဒူးထောက်ချလိုက်တယ်။ ရှန်ဖန်းချီခမျာ ခေါင်းခြောက်သွားရပြီး ချက်ချင်းဆိုသလို သူ့လက်ကိုဆန့်ကာ အဘိုးကုကို ပြန်ထလို့ရအောင် ကူညီပေးလိုက်တယ်။

အဘိုးကုက သူဒီလိုလုပ်တာကို ရှန်ဖန်းချီတားလိမ့်မယ်ဆိုတာ သိနေခဲ့တာကြောင့် တမင်တကာ အားသုံးပြီး တောင့်ခံထားခဲ့တယ်၊ သို့ပေမဲ့ သူထင်မထားမိတာက သူအားကုန်သုံးတာတောင် ရှန်ဖန်းချီကို လုံးဝမယှဉ်နိုင်ဘူးဆိုတာပါပဲ။ ရှန်ဖန်းချီက တခါတည်းနဲ့ သူ့ကို အလွယ်တကူ ပင့်မပေးလာခဲ့တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now