《 Chapter 72 》

1.4K 283 3
                                    

{Unicode}

အခန်း (၇၂) - [Untitled]

လက်ဦးမှုက လောလောဆယ် သူ့လက်ထဲမှာရှိနေတာကြောင့် အနည်းဆုံး အနိုင်ရဖို့ သိပ်မခက်လောက်ဘူးလို့ ကျွမ်းယိရန်က တွေးထားခဲ့တယ်။ ဒီကစားပွဲကို သူ့စိတ်ရှိသလောက် ကြာကြာလေး ကစားလို့ရတယ်။

ကျွမ်းယိရန်က ရှန်ဖန်းချီအပြင် တခြားသူတွေနဲ့ပါ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ခံစားချက်ကို ပိုမိုနှစ်သက်တာကြောင့် ရှန်မုအန်းအား စောင့်ကြည့်နေခြင်းကို အနည်းငယ် ဖြေလျှော့ပေးလိုက်တယ်။ တခါတရံ ရှန်မုအန်းက တောင်းဆိုမှုတွေ ပြုလုပ်လာတတ်ပြီး ထိုအရာက သူ့ကစားပွဲကို သိပ်အများကြီး သက်ရောက်မှုမရှိသရွေ့ အများစုကို သူသဘောတူပေးတတ်တယ်။

ရှန်မုအန်းတယောက် ကျွမ်းယိရန်ရဲ့ပြောင်းလဲမှုကို အလျင်အမြန် သတိထားမိလိုက်တယ်။ သူ့အတွက်ကတော့ ကျွမ်းယိရန်တယောက် ဒီပြောင်းလဲမှုတွေကို လုပ်ဆောင်လာတာက ကောင်းတဲ့အရာဖြစ်ပြီး ၎င်းကနေ အကျိုးရှိစေမဲ့ အခွင့်အရေးကောင်းတခု သူရနိုင်လိမ့်မယ်။

သို့ပေမဲ့ ကျွမ်းယိရန်ရဲ့ ရှန်မုအန်းအပေါ် အရူးအမူးစွဲလမ်းမှုက ဒီလောက်လွယ်လွယ်လေးနဲ့ ပြေပျောက်သွားမှာ မဟုတ်ပါဘူး။ လောလောဆယ် သူ့အနေနဲ့ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ တစုံတရာကြောင့် အာရုံပြောင်းနေခြင်းသာဖြစ်တယ်။

ထိုအချိန်မှာ ရှန်မုအန်းတယောက် အရင်က အကြိမ်ပေါင်းများစွာ သူတွေ့ဖူးခဲ့ပေမဲ့ အခုထိ မဖတ်ရသေးတဲ့ စာအုပ်တအုပ်နဲ့အတူ ကြမ်းပြင်ပေါ်မှာ ထိုင်နေခဲ့တယ်။ ဒါက သူ နေ့တိုင်း လုပ်လေ့ရှိတဲ့ အရာတခုပါပဲ။ ဒီအခန်းထဲမှာ စာအုပ်တွေကလွဲပြီး တခြားဘာအပန်းဖြေစရာ အရင်းအမြစ်မှ ရှိမနေဘူး။

ရှန်မုအန်း ထိုစာအုပ်အား တကယ့်ကို လေးလေးနက်နက်နဲ့ ကြည့်နေခဲ့တာဖြစ်ပြီး တယောက်ယောက် တံခါးဖွင့်ပြီး ဝင်လာခဲ့ရင်တောင် သူမော့ကြည့်မှာမဟုတ်ပေ။

ကျွမ်းယိရန်က ရှန်မုအန်းဆီ လျှောက်လာပြီး သူ့ဘေးမှာ တင်ပျဉ်ခွေထိုင်ချလိုက်တယ်။ သူ့မျက်နှာပေါ်မှာ ပင်ပန်းနေတဲ့ အရိပ်အယောင်တွေ ရှိနေပေမဲ့ သူ့ပုံစံက အတော်လေး စိတ်လှုပ်ရှားနေတဲ့ပုံပေါက်နေဆဲပဲဖြစ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now