《 Chapter 16 》

2.6K 450 1
                                    

{Unicode}

အခန်း (၁၆) - Hot Search

ဆရာမရှ မူကြိုကျောင်းကနေ အိမ်ပြန်ရောက်လာပြီးတဲ့နောက် သူမ ရိုက်ကူးထားတဲ့ ရှန်မုအန်းနဲ့ ကလေးတွေရဲ့ဗီဒီယိုကိုဖွင့်ပြီး နောက်တခေါက်ပြန်ကြည့်နေရင်း ဆိုဖာပေါ်မှာ ကူကယ်ရာမဲ့စွာ အူတက်မတတ် ရယ်မောနေမိတယ်။

ဒီပျော်ရွှင်မှုကို သူတယောက်တည်း မခံစားသင့်ဘူးလို့ ယူဆတာကြောင့် ၎င်းဗီဒီယိုကို သူမရဲ့ Weibo မှာတင်ပြီး ရေသွားချိုးလိုက်တယ်။

ဆရာမရှက Weibo မှာ fan တွေ အများကြီးရှိတယ်။ သူမ ရံဖန်ရံခါတင်လေ့ရှိတဲ့ ဓာတ်ပုံတွေနဲ့ ကလေးတွေရဲ့ music recording တွေကြောင့် သူတို့တွေက သူမကို follow ထားကြတာဖြစ်တယ်။

အခုလည်း သူတို့က ဆရာမရှ Weibo ပေါ်မှာတင်ထားတဲ့ ဗီဒီယိုကိုမြင်သွားပြီး သိချင်စိတ်ကြောင့် click နှိပ်ကြည့်လိုက်ချိန်မှာတော့ မရယ်ဘဲမနေနိုင်ကြတော့ဘူး။

Forward လုပ်ရမယ်ဟေ့!

Forward လုပ်ကိုလုပ်ရမှာပေါ့!

ဒီထက်ပိုပြီး ချစ်ဖို့ကောင်းတာမျိုး ရှိတော့မှာမဟုတ်ဘူး! ပြီးတော့ ဆရာကလည်း သောက်ရမ်းချော! သူတို့လေးတွေအတွက် ဒါကိုမြင်အောင် forward မလုပ်ပေးမိဘူးဆိုရင် တခြားသူတွေအတွက် ဆုံးရှုံးနစ်နာသလို ခံစားနေရမှာပေါ့။

Forward လုပ်ပြီးတဲ့နောက် သူတို့သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကို share ဖို့အတွက် ဗီဒီယိုကို copy တခု save ထားလိုက်ဖို့ကိုလည်း မေ့မသွားခဲ့ကြဘူး။

လူတော်တော်များများက ဆရာမရှထံ private message တွေပို့ပြီး ဗီဒီယိုထဲက လူငယ်လေးအကြောင်း မေးမြန်းလာကြကာ ဖြစ်နိုင်ရင် သူတို့နဲ့ မိတ်ဆက်ပေးနိုင်မလားလို့ တောင်းဆိုလာကြတယ်။

ရေချိုးပြီးနောက် ဆရာမရှ သူမမိုဘိုင်းဖုန်းကိုကြည့်လိုက်တဲ့အခါ သူမရဲ့ Weibo post ကို လူပေါင်း ၅,၀၀၀ နီးပါး forward လုပ်ထားကြတာကို တွေ့လိုက်ရတယ်။

ဒီနှုန်းက နည်းနည်းတော့ လန့်စရာကောင်းတယ်။

ဆရာမရှရဲ့ Weibo မှာ ဒီလောက်များတဲ့ repost တွေအပြင် like တွေ၊ comment တွေ အများကြီးဖြစ်နေတာက ဒါပထမဆုံးအကြိမ်ပဲဖြစ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now