《 Chapter 43 》

1.7K 364 5
                                    

{Unicode}

အခန်း (၄၃) - Promise

ရှန်မုအန်းနဲ့ ရှန်ဖန်းချီတို့ စကားကောင်းကောင်းပြောဖြစ်ခဲ့ကြတယ်။ သူတို့နှစ်ယောက်လုံး အိပ်ယာဝင်ချိန်မှာတော့ နံနက်သုံးနာရီထိုးခါနီးနေပြီဖြစ်တယ်။

အစက လွှတ်ခနဲပြောလိုက်မိတဲ့ စကားတခွန်းသာဖြစ်ပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး နှစ်ယောက်လုံး အများကြီးစဉ်းစားခဲ့ပြီးနောက်မှာတော့ နောက်ဆုံး သူတို့တွေ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။

ရှန်မုအန်းကတော့ ဒီကိစ္စကို ဒီအတိုင်းမထားနိုင်ဘူးလို့ ခံစားမိတယ်၊ သူ ယွေ့ယွေ့ကို စာအုပ်ထဲကလူလိုမျိုး မဖြစ်စေချင်ဘူး။ ယွေ့ယွေ့တယောက် ရှန်ဖန်းချီဖမ်းဆီးတာကို ခံရပြီး တရားခွင်ရင်ဆိုင်ရမဲ့နေ့မျိုး ရောက်လာမှာကို သူ မလိုလားဘူး။

ယွေ့ယွေ့က အများကြီးတွေးလိုက်မိတယ်။ တခြားသူတွေကို သူတအားစိတ်ပူလွန်းပြီး သူ့အတွက်ပူဖို့တောင် မေ့နေခဲ့တယ်။

သူက ကလေးလေးပဲရှိသေးတယ်၊ လူကြီးတွေ စိုးရိမ်ရမဲ့အရာတွေကို သူအရမ်းကြီးလိုက်မတွေးနေသင့်ဘူး။

ရှန်ဖန်းချီတယောက် အဘိုးကုနဲ့ အဘွားကုကို သွားရှာပြီး သူနဲ့ ရှန်မုအန်းတို့ ဆုံးဖြတ်ချက်ချထားတဲ့ဟာကို ပြောပြပြီးတဲ့နောက် အဘိုးအဘွားတွေက အလွန်စိတ်လှုပ်ရှားသွားကြရင်း သူ့ကို ဒူးထောက်မတတ် ကျေးဇူးတင်နေကြတယ်။

တချိန်က သူတို့ရဲ့လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုတွေ အမှန်တကယ်ဖြစ်လာခဲ့ပြီ။

သူတို့တွေ အလွန်အမင်း ကျေးဇူးတင်နေမိတယ်။

အဘိုးကုရော အဘွားကုပါ ယွေ့ယွေ့လေးကို သူတို့ရဲ့ကြောက်စရာကောင်းတဲ့ ဆွေမျိုးတွေဆီမှာ မထားခဲ့ချင်ကြဘူး။

အဲ့ဒီအချိန်တုန်းက အဘိုးကုတယောက် သူ့မိသားစုကနေ ထွက်လာခဲ့တာက စိတ်လိုက်မာန်ပါလုပ်ခဲ့တာ မဟုတ်ဘဲ သူတို့ရဲ့သဘောထားကွဲလွဲမှုတွေက နှစ်တွေကြာလာတာနဲ့အမျှ ပိုပိုဆိုးလာပြီး နောက်ဆုံးမှာတော့ ဆွေခန်းမျိုးခန်းပြတ်သွားခဲ့တာဖြစ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now