《 Chapter 26.1 》

2.3K 359 3
                                    

{Unicode}

အခန်း (၂၆) - ယုံကြည်မှု (အပိုင်း ၁)

အဲ့ဒီ message တွေကိုမြင်တော့ ရှန်မုအန်းခမျာ reply တောင်မပြန်ရဲတော့ဘူး။ သူလစ်ထွက်လို့ရမဲ့နေရာကို အလျင်အမြန် စဉ်းစားကြည့်လိုက်ပေမဲ့ သူ့အကိုကြီးက သူရှောင်ပုန်းတတ်တဲ့နေရာအားလုံးကို သိနေပြီးသားဖြစ်တယ်။

ရှန်မုအန်းက အရှုံးမပေးချင်သေးပေမဲ့ သူ့အကိုကြီးက သူ့သူငယ်ချင်းတွေအားလုံးကို သိနေပြီးသားဆိုတော့ ပုန်းစရာနေရာမရှိပေ။

အနှေးနဲ့အမြန် သိသွားလိမ့်မယ်လို့ သူသိနှင့်နေပြီးသားဖြစ်ပေမဲ့ ဒီလိုနေ့က ဒီလောက်မြန်မြန်ကြီး ရောက်လာလိမ့်မယ်လို့ သူထင်မထားခဲ့မိဘူး။ အရင်က သူပြင်ဆင်ထားခဲ့တဲ့ အစီအစဉ်တွေကို ရှန်မုအန်း မေ့နေခဲ့တာတောင်ကြာပြီလေ။

ရှန်ဖန်းချီက ရှန်မုအန်း ဘာမှမတုံ့ပြန်သေးတာကိုမြင်တဲ့အချိန် သူ့ညီလေးစိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာကို သူအကြမ်းဖျင်းတွေးကြည့်လိုက်လို့ရတယ်။

သူစစ်ဆေးကြည့်လိုက်တော့ ရှန်မုအန်း တခြားစီရင်စုမှာရှိတဲ့ တက္ကသိုလ်တခုမှာ ပညာသင်ကြားနေတဲ့ အချိန်တုန်းက နိုင်ငံ့သားကောင်းဆု ချီးမြှင့်ခံခဲ့ရတာဖြစ်တယ်။

အဲ့ဒီကာလတုန်းက သူအသက်ရှင်နေထိုင်ဖို့ အခက်အခဲဆုံးအချိန်တွေဖြစ်ခဲ့တယ်။

အဲ့ဒီတုန်းက ရှန်ဖန်းချီက အရမ်းအရေးကြီးတဲ့ အမှုတခုကို တာဝန်ယူထားရပြီး အလုပ်အရမ်းများနေခဲ့တယ်။ သူ့အတွက် တပတ်လောက် အိမ်မပြန်ဖြစ်တာက ပုံမှန်ပါပဲ။ အဖွဲ့ဝင်အားလုံးနီးနီး ပြည်သူ့လုံခြုံရေးဗျူရိုမှာပဲ နေဖြစ်ခဲ့ကြတယ်။

ရှန်မုအန်းကို ဆက်သွယ်နိုင်မဲ့ အခွင့်အရေးက ရံဖန်ရံခါမျှသာရပြီး သူဖုန်းခေါ်လိုက်တဲ့အချိန်တိုင်းမှာလည်း စကားနှစ်ခွန်း၊ သုံးခွန်းလောက် ပြောပြီးတာနဲ့ ဖုန်းချလိုက်ရတာဖြစ်တယ်။

ရှန်ဖန်းချီက ရှန်မုအန်းအား သူ့ရဲ့ပူပင်သောကတွေမဟုတ်ဘဲ ကောင်းသတင်းတွေကိုသာ ပြောပြခဲ့သလို ရှန်မုအန်းကလည်း ထိုနည်းတူစွာပင်။ သူ့ဘာသာသူ ဖြေရှင်းခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သတ်ပြီး ရှန်ဖန်းချီကို သူဘာမှမပြောဖြစ်ခဲ့ဘူး။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now