《 Chapter 65 》

1.2K 262 1
                                    

{Unicode}

အခန်း (၆၅) - [Untitled]

ရှန်မုအန်း ယွေ့ယွေ့ကိုခေါ်ပြီး အိမ်ထဲဝင်လာခဲ့တယ်။ တံခါးပိတ်ပြီးနောက် ရှန်မုအန်း စိတ်သက်သာရာစွာ သက်ပြင်းချလိုက်မိတယ်။ ဒီလိုဖိအားမျိုး သူခံစားရတာ ဒါပထမဆုံးအကြိမ်ပါပဲ၊ တဖက်လူက ပြဿနာတခုခု ရှိကိုရှိရမယ်။

ယွေ့ယွေ့လည်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်။ ရှန်မုအန်း သူ့လက်မောင်းကို ခပ်တင်းတင်း ဖမ်းဆုပ်ထားတာကို သူခံစားမိနိုင်တယ်။ အဲ့ဒါက သူ့ကို အနည်းငယ် မသက်မသာဖြစ်စေသော်ငြား သူဘာမှထုတ်မပြောဖြစ်ခဲ့ချေ။

ရှန်ဖန်းချီက သူတို့အသံကိုကြားပြီး အပြင်ထွက်ကြည့်ချိန်မှာ ရှန်မုအန်းရဲ့ပုံပန်းသွင်ပြင်ကို သူမြင်တွေ့လိုက်ရပြီး ရှန်မုအန်းတယောက် မကောင်းတာတခုခု ကြုံတွေ့လိုက်ရတယ်ဆိုတာကို သူချက်ချင်း သဘောပေါက်သွားခဲ့တယ်၊ "ဘာဖြစ်တာလဲ?"

ယွေ့ယွေ့က ရှန်မုအန်းကို တင်းကြပ်စွာ ဖက်ထားခဲ့တယ်။ ဘာတွေဖြစ်နေမှန်း သူလုံးဝနားမလည်ပေမဲ့ စိတ်မသက်မသာဖြစ်သလို ခံစားနေရတယ်။ ဒီခံစားချက်ကြီးက အဲ့ဒီနေ့တုန်းကလိုပါပဲ။

"ကျွန်တော်တို့ အပေါ်ကိုတက်လာတော့ တယောက်ယောက် အနောက်ကလိုက်လာတယ်" ရှန်မုအန်းက ယွေ့ယွေ့ကို ဖက်ထားရင်း တံခါးကို မှီထားခဲ့တယ်။ သူ့နဖူးပေါ်မှာ ချွေးအေးတွေ ထွက်လာနေပေမဲ့ သူ့ဦးနှောက်ကတော့ အလျင်အမြန် လည်ပတ်နေတယ်။

ရှန်ဖန်းချီရဲ့မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့တယ်။ တဖက်လူက သူတို့ဘက်မှာ လူတယောက်ထက်ပိုပြီး ရှိနေခဲ့မယ်လို့ သူထင်မထားခဲ့မိဘူး၊ "သူတို့က မင်းကိုပစ်မှတ်ထားပြီးတော့ ဒီလုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာ"

"ကျွန်တော် သူတို့နဲ့ စကားပြောကြည့်ချင်တယ်" ရှန်မုအန်း သူဆက်ပြီးသည်းမခံနိုင်တော့ဘူးလို့ ခံစားနေရတယ်။ အစွန်အဖျားမှာ ရပ်နေသလိုမျိုး အမြဲဖြစ်နေတဲ့ ဒီခံစားချက်ကြီးကို သူမုန်းတယ်။ အမှောင်ထဲကနေ သူ့ကို စောင့်ကြည့်နေကြတဲ့သူတွေ လုံးလုံးလျားလျား ပေါ်ထွက်လာတဲ့အချိန်မှာ သူ့ဆီမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကိုပေါ့။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now