《 Chapter 33 》

2.2K 377 4
                                    

{Unicode}

အခန်း (၃၃) - လက်အိတ်ဖြူလေးနဲ့ ဂတ်စ်အိုး

ဒီနေရာမှာ အဖြူအမည်းကြောင်လေးတကောင် ရှိနေတယ်။ အရမ်းအကြီးကြီးမဟုတ်ပေမဲ့ လှုပ်ရှားမှုတွေကတော့ ညင်သာပျော့ပြောင်းလှတယ်။

ကြောင်လေးက သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ပတ်ဝန်းကျင်ကို သူ့မျက်လုံးအစုံနဲ့ လေ့လာစူးစမ်းနေခဲ့တယ်။ သူက အမြဲလိုလို သတိကြီးကြီးထားတတ်တဲ့ နှလုံးသားရှိသူဖြစ်တယ်။ ရုတ်တရက် လေတိုက်တာဘဲဖြစ်ဖြစ် ဒါမှမဟုတ် မြက်ပင်လေး လှုပ်ခတ်သွားတာဘဲဖြစ်ဖြစ် သူ ချက်ချင်း ထွက်ပြေးသွားမှာဖြစ်တယ်။

တကယ်လို့ ရှန်မုအန်းသာ ဒီမှာရှိနေရင် ဒီကြောင်လေးက လက်အိတ်ဖြူလေးပဲဆိုတာကို သူကျိန်းသေပေါက် မှတ်မိနေလိမ့်မယ်။ ဒါက ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ဈေးမှာ သူတွေ့ခဲ့တဲ့ ကြောင်လေးပါပဲ။

လက်အိတ်ဖြူလေးက ရှန်မုအန်းနဲ့ ဆုံခဲ့တဲ့နေရာမှာပဲ နေ,နေခဲ့တာဖြစ်တယ်။ ထိုနေရာတဝိုက် အမြဲမပြတ် လှည့်လည်သွားလာနေခဲ့ပေမဲ့ သူရှာနေတဲ့သူကိုတော့ မတွေ့ရသေးချေ။

ကြောင်လေးက အကြောဆန့်ပြီး လူတွေရဲ့အကြည့်ကို ရှောင်ပုန်းဖို့ ထောင့်နားလေးကို ပြေးထွက်သွားခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ရက်ကတည်းက သူဒီနေရာနဲ့ အကျွမ်းတဝင်ဖြစ်နှင့်ပြီးသားဖြစ်ပြီး ဘယ်နေရာမှာ ပုန်းရမလဲဆိုတာအပြင် ဘယ်နေရာမှာ နေပူဆာလှုံရမလဲဆိုတာတွေကို သူသိနေခဲ့တယ်။

၎င်းက ရှန်မုအန်းကြောင်စာစည်သွပ်ဘူး ဝယ်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ရှေ့ကို မကြာခဏ သွားလေ့ရှိတယ်။ လူတွေက ဝင်လိုက်ထွက်လိုက်ဆိုပေမဲ့ ၎င်းကတော့ သူတို့ကို လုံးဝ လျစ်လျူရှုထားခဲ့တယ်။

ဆိုင်ပိုင်ရှင်က လက်အိတ်ဖြူလေးတကောင် မကြာခဏ ရောက်လာတတ်တာကို မြင်တွေ့နေရတယ်။ အရင်တခေါက်တုန်းက ကြောင်စာစည်သွပ်ဘူး လာဝယ်သွားဖူးတဲ့ လူငယ်လေးတယောက်ကို သူတွေးမိသွားတယ်။ အစတုန်းက ဒီကြောင်လေး နောက်ဆုံးတော့ သူ့ပိုင်ရှင်ကို ရှာတွေ့သွားပြီလို့ပဲ သူထင်လိုက်မိတာ၊ ဒါပေမဲ့ ကြည့်ရတာ သူတို့တွေ ရေစက်မပါကြတဲ့ပုံပဲ။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now