《 Chapter 70 》

1.4K 257 4
                                    

{Unicode}

အခန်း (၇၀) - [Untitled]

"ခုတင်ဘေးစားပွဲပေါ်က iPad ကနေ မင်း သူ့ကိုကြည့်လို့ရတယ်" ကျွမ်းယိရန်က စောင့်ကြည့်ကင်မရာကနေ ရှန်မုအန်းကို စောင့်ကြည့်နေတာဖြစ်တယ်။ ရှန်မုအန်းရဲ့လက်ရှိအခြေအနေနဲ့ပတ်သတ်ပြီး သူသိပ်ကျေနပ်မနေဘူး။ သူ့ပုံစံက အနည်းငယ် အားနည်းနေတဲ့ပုံပေါက်နေတယ်၊ သို့ပေမဲ့ သူ့ကို ဒီခေါ်လာဖို့ကလည်း မလွယ်ကူလှတာကြောင့် တခြားနည်းလမ်းမရှိလေဘူး။

ကျွမ်းယိရန်ပြောတာကို ရှန်မုအန်းကြားလိုက်ပေမဲ့ အလျင်စလို မလှုပ်ရှားခဲ့ဘူး။ ကျွမ်းယိရန်က သူ့ရည်ရွယ်ချက်တွေကို လုံးလုံး ဖုံးကွယ်ထားချင်စိတ် မရှိဘူးလို့ သူတွေးမိလိုက်တယ်။

ရှန်မုအန်း iPad ကိုယူပြီး ဖွင့်ကြည့်လိုက်တာနဲ့ အချိန်နဲ့တပြေးညီ ပြသနေတဲ့ စောင့်ကြည့်ရေးဖန်သားပြင်တခု ပေါ်လာခဲ့တယ်။ ယွေ့ယွေ့က ခုတင်အကြီးကြီးတခုပေါ်မှာ လဲလျောင်းနေပြီး အိပ်ပျော်နေပုံရတယ်။

"သူ အဆင်ပြေပါတယ်၊ ဒီတိုင်း အိပ်မောကျနေတာ" ကျွမ်းယိရန်က တိုးတိုးလေး ပြောလာတယ်၊ "မင်း ငါ့ကို မပျော်မရွှင်ဖြစ်အောင် မလုပ်သရွေ့ သူ ဘာမှမဖြစ်စေရဘူးလို့ ငါကတိပေးတယ်"

ထိုစကားကိုပြောချိန်မှာ ကျွမ်းယိရန်ရဲ့လေသံက အလွန်နူးညံ့နေသော်ငြား ရှန်မုအန်းကတော့ ဒီဟာက ခြိမ်းခြောက်မှုပဲဆိုတာကို သိနေခဲ့တယ်။

နှစ်ယောက်လုံး ဘာတွေဖြစ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး သိနေကြတယ်။

"ငါ သူနဲ့တွေ့လို့ရမလား?" ရှန်မုအန်း ခဏလောက် နှုတ်ဆိတ်နေပြီး သူ့တောင်းဆိုမှုကို ရှေ့တန်းတင်လိုက်တယ်။ ဒီစောင့်ကြည့်ကင်မရာက အတုဖြစ်နိုင်တယ်။ တကယ့်လူအစစ်ကို မမြင်ရမချင်း သူစိတ်မအေးနိုင်ဘူး။

"မရဘူး" ကျွမ်းယိရန်က ရှန်မုအန်းရဲ့တောင်းဆိုမှုကို မဆိုင်းမတွ ငြင်းဆိုလိုက်တယ်။ ရှန်မုအန်း ယွေ့ယွေ့ကို တွေ့နိုင်မဲ့ အခွင့်အရေးမျိုး သူ မပေးနိုင်ဘူး။

အငြင်းခံလိုက်ရပြီးနောက် ရှန်မုအန်းက ခုတင်ပေါ်မှာ ထိုင်ပြီး iPad ကနေ ယွေ့ယွေ့ကို စောင့်ကြည့်နေရင်း တချိန်လုံး နှုတ်ဆိတ်နေခဲ့တယ်။ သူ့တောင်းဆိုချက်က အငြင်းခံလိုက်ရလိမ့်မယ်လို့ သူထင်မထားခဲ့မိဘူး။ ယွေ့ယွေ့ကို သူမြင်ချင်တာက ကလေးက အန္တရာယ်ကင်းတယ်ဆိုတာရယ်၊ ယွေ့ယွေ့ကို သူ့အနီးနားမှာ ဒါမှမဟုတ် အခြားတနေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာရယ်ကို သေချာစေချင်တာဖြစ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now