《 Chapter 19 》

2.5K 459 5
                                    

{Unicode}

အခန်း (၁၉) - တွန်းပို့ခြင်း

လွန်ခဲ့တဲ့နှစ်နာရီက ရှန်ဖန်းချီတယောက် အခြားမြို့တမြို့မှ ပေးပို့လာတဲ့ စောင့်ကြည့်ဗီဒီယိုတခုပါဝင်တဲ့ သတင်းအချက်အလက်တခုကို လက်ခံရရှိခဲ့တယ်။

အခြားမြို့ရှိ မှုခင်းရဲတွေက ဒီဗီဒီယိုထဲကလူဟာ ကွင်းဆက်လူသတ်မှုရဲ့လူသတ်သမားဖြစ်တယ်လို့ သံသယရှိကြတယ်။ နောက်ပြီး ပုံပန်းသွင်ပြင်ကိုကြည့်မယ်ဆိုရင်လည်း မျက်မြင်သက်သေရဲ့ဖော်ပြချက်နဲ့ ကိုက်ညီမှုရှိတယ်။

ထိုလူက လိုင်စင်မဲ့ကားနဲ့ ဇီကျင်းမြို့ကို ရောက်ရှိလာခဲ့တာကြောင့် နောက်အမှုတမှုရဲ့ပစ်မှတ်က ဇီကျင်းမြို့ထဲမှာဖြစ်မယ်လို့ သူတို့တွေ အပြည့်အဝ တွက်ဆထားကြတယ်။

သို့ပေမဲ့ ဇီကျင်းမြို့က အကျယ်ကြီးဖြစ်တယ်၊ ထိုလူက စောင့်ကြည့်ကင်မရာတွေကို တမင်တကာ ရှောင်ရှားနေတာဆိုရင်တော့ ရှာဖို့မလွယ်လှတဲ့အပြင် စောင့်ကြည့်ဗီဒီယိုကနေ သုံးသပ်ရမယ်ဆိုရင်ဖြင့် ထိုလူရဲ့စိတ်အခြေအနေက အလွန်မတည်မငြိမ်ဖြစ်နေပြီး သူ့ကိုကြည့်ရတာ တဖြည်းဖြည်း ရူးသွပ်သွားတော့မလိုတောင် ဖြစ်နေခဲ့တယ်။

မြို့သူမြို့သားတွေရဲ့ဘေးကင်းလုံခြုံစေရေးအတွက် သူတို့ ဒီလူကို အဆောတလျင် ဖမ်းဆီးနိုင်မှဖြစ်မယ်။

ရဲစခန်းက ရဲတွေခမျာ စောင့်ကြည့်ကင်မရာကို သူတို့မျက်လုံးတွေ အောင့်ရလောက်တဲ့အထိ စောင့်ကြည့်ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ကြဘူး။ ကံကောင်းချင်တော့ ဖန်းရွှိရဲ့ဖုန်းခေါ်ဆိုမှုက မတိုးသာမဆုတ်သာ အခြေအနေတရပ်ကို ရိုက်ချိုးပစ်ခဲ့တယ်။

အခင်းဖြစ်ပွားရာနေရာသို့ သူရောက်ရှိလာချိန်မှာ ရှန်ဖန်းချီက ပြစ်မှုကျူးလွန်တဲ့ သံသယရှိသူကို ဖိချုပ်ထားတဲ့ လူငယ်လေးကို ကြည့်မိသွားတယ်၊ သူ့မျက်နှာက တစက်စက်ကျနေတဲ့ မှင်ရည်လို မည်းမှောင်လုနီးပါး ဖြစ်သွားခဲ့တယ်။

ရှန်ဖန်းချီက သံသယရှိသူအား လက်ထိတ်ခတ်ရန် ခပ်သွက်သွက် လျှောက်လာပြီး ထိုလူအား သူ့လုပ်ဖော်ကိုင်ဖက်တယောက်ထံ လွှဲပြောင်းပေးလိုက်တယ်။ သူ ရှန်မုအန်းကိုဆွဲခေါ်ပြီး အထက်အောက် စုန်ဆန်ကြည့်လိုက်ပေမဲ့ ဘာဒဏ်ရာမှမရတာကို တွေ့ရတော့မှ ကျုံ့ထားတဲ့ သူ့မျက်ခုံးတွေ အနည်းငယ် ပြေလျော့သွားရတယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Donde viven las historias. Descúbrelo ahora