《 Chapter 11 》

3.2K 550 3
                                    

{Unicode}

အခန်း (၁၁) - ကလေးတွေရဲ့မျက်နှာကလည်း အရမ်းအရေးကြီးတယ်

"ဦးလေး သားကိုရိုက်လိုက်တာလေ!" ချူစစ်ယွမ်လေးခမျာ ခုတင်ပေါ်မှာ ငုတ်တုပ်ထိုင်ရင်း ဝမ်းနည်းပက်လက်ဖြစ်နေခဲ့တယ်။ သူ ဒီတိုင်းလေးအိပ်ပျော်နေတာပဲကို၊ ဘာလို့ ဦးလေးက ရုတ်တရက်ကြီး သူ့ကိုလာရိုက်ရတာလဲ။

"ငါမရိုက်ရပါဘူးကွာ။ မင်းဘာမင်းဆော်ထည့်လိုက်တာလေ" ချူယီလည်း ဦးနှောက်ခြောက်သွားပုံရတယ်။ စောနက သူဘာမှကိုမလုပ်ရပါဘူးနော်၊ ချူစစ်ယွမ်က သူ့ပါးသူဆော်ထည့်လိုက်ပြီးတော့ အခုကျမှ သူ့ကိုအပြစ်ပုံချနေပါရော့လား။

သူ ဒီအိုးကိုသယ်မှာမဟုတ်ဘူးနော်။ ( ဘာသာပြန်ဆိုသူ၏မှတ်ချက် : အမှားကို ခေါင်းခံရခြင်း )

ချူစစ်ယွမ် ပိုစိတ်တိုလာလေလေ ပိုငိုချင်လာလေလေပင်။ ကိုအာလာဝက်ဝံလေးတကောင်လို ခုတင်ပေါ်ကနေ လျှောဆင်းပြီး ဆရာအန်းအန်းကိုရှာဖို့ကြိုးစားရင်း အပြင်းအထန် ငိုကြွေးနေခဲ့တယ်။

ရှန်မုအန်း ရုတ်တရက် လန့်နိုးလာခဲ့တယ်။ သူ အိပ်မက်ဆိုးတခုမက်ခဲ့တယ်။ သူ့ခေါင်းပြတ်ကြီးကိုကိုင်ထားတဲ့ ကလေးတယောက်က သူနဲ့ဘောလုံးတူတူပစ်ချင်တယ်လို့ပြောတဲ့ အိပ်မက်,မက်ခဲ့တာ။ အဲ့ဒီနောက်တော့ ချူစစ်ယွမ်ငိုတာကို သူကြားလိုက်ရတာပဲ။ သူအိပ်ယာမထရသေးခင်မှာပဲ ချူစစ်ယွမ်က သူ့လက်ကိုဆုပ်ကိုင်ပြီး သူ့ဦးလေးက သူ့ကိုရိုက်တယ်ဆိုပြီး တိုင်တော့တာပါပဲ။

"???" ရှန်မုအန်း အံ့ဩသွားပြီး သူပြန်မေးလိုက်တယ်၊ "ဦးလေးက ဘယ်နေရာကိုရိုက်လိုက်လို့တုန်း?"

"မျက်နှာကိုရိုက်လိုက်တာလေ၊ ကြည့်ပါအုံး... နီရဲကုန်ပြီလို့" သူ့အဖေရော အမေရော သူ့ကို တခါမှမရိုက်ဖူးပေမဲ့ သူ့ဦးလေးက တကယ်ကြီး သူ့ကိုရိုက်လိုက်တာ။ သူပြန်ရောက်လို့ကတော့ သေချာပေါက်တိုင်ပြောပစ်အုံးမှာ!

ရှန်မုအန်း ချူစစ်ယွမ်မျက်နှာပေါ်က လက်ရာသေးသေးလေးကိုကြည့်လိုက်တယ်။ လက်ရာရဲ့အရွယ်အစားကိုကြည့်ရရင် ဒါက ချူယီလုပ်တာမဟုတ်လောက်ဘူး။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now