《 Chapter 23.1 》

2.3K 412 3
                                    

{Unicode}

အခန်း (၂၃) - ဒါတကယ့်အစစ်ပဲဖြစ်လိမ့်မယ် (အပိုင်း ၁)

သူ့ခြေထောက်တွေကို တင်းနေအောင် ဖက်ထားကြတဲ့ ကောင်ငယ်လေးတွေကိုကြည့်ရင်း ရှန်မုအန်းခမျာ ဖြေရှင်းချက်ကောင်းကောင်း မပေးနိုင်တော့တာကြောင့် သူ ဒီအတိုင်း ခေါင်းပဲညိတ်ပြလိုက်တယ်။

ဟုတ်တာပေါ့၊ တခြားသားပေါက်လေးရဲ့အိမ်ဆီ အလည်လာတဲ့ဟာကို နောက်ထပ်သားပေါက်လေးနှစ်ကောင်ကိုပါ သူခေါ်လာမိသွားတာကို။

ရှောင်ယိက ရှန်မုအန်းကို လွှတ်ပေးလိုက်ပြီး သူ့လက်ကိုကိုင်ကာ ဆိုဖာဆီ လျှောက်လာခဲ့တယ်။

ချူစစ်ယွမ်နဲ့ ကျီးကျီးက ရှန်မုအန်းခြေထောက်ကို ဖက်တွယ်ထားဆဲဖြစ်ပြီး မလွှတ်ပေးချင်ကြတာကြောင့် ရှန်မုအန်းခမျာ ခက်ခက်ခဲခဲ လှုပ်ရှားသွားလာနေရတော့တယ်။

"မင်းတို့နှစ်ယောက် ငါ့ကို လွှတ်ပေးလို့ရမလား?" ရှန်မုအန်း သူ့ခြေထောက်ပေါ်က နှစ်ယောက်ကို ဆွဲခွာလိုက်တယ်။ သူ မရွေ့လျားနိုင်ဖြစ်နေတယ်ဆိုသော်ငြား သူတို့က သူ့ခြေထောက်တွေလှုပ်ရှားလို့ရအောင် ကန့်သတ်ပေးထားကြတယ်။

ထိုမှသာ ချူစစ်ယွမ်က တုံ့ပြန်လာကာ လွှတ်ပေးလိုက်ပြီး နာခံစွာနဲ့ ဘေးမှာ သွားထိုင်နေတယ်။

ကျီးကျီးက ရှန်မုအန်းကို ဆက်ပြီး ခိုတွဲထားချင်သေးပေမဲ့ ချူစစ်ယွမ်ဆွဲချတာကို ခံလိုက်ရတယ်။

အိမ်မှာ ဧည့်သည်တွေရှိနေတာကြောင့် ရှောင်ယိအမေက ရေသွားထည့်နေပြီး ရှောင်ယိအဖေကတော့ သူ့အမေအရင်းဖြစ်သူနဲ့ သွားဆွေးနွေးခဲ့တယ်။

သူ့မိခင်အရင်းအတွက် ရှောင်ယိအဖေက သူမကို ဘယ်လိုရင်ဆိုင်ရမလဲ လုံးဝမသိတော့ဘူး။

သဘောထားကွဲလွဲမှုတခုက သူ့ဘဝထဲကနေ ပျောက်ကွယ်သွားပြီး နောက်တခုက အစားထိုးဝင်ရောက်လာခဲ့တယ်။ ဒီဟာက သူ့ရဲ့အေးချမ်းသာယာနေတဲ့ ဘဝလေးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်တာပဲ။

တကယ်လို့ သူတယောက်တည်းပဲဆိုရင်တော့ ကိစ္စမရှိဘူးပေါ့။ ဒါပေမဲ့ သူ့မိန်းမနဲ့ သမီးငယ်လေးကို တွေးကြည့်တော့ ရှောင်ယိအဖေက ဒီကိစ္စကို ဒီအတိုင်းမထားသင့်တော့ဘူးလို့ ခံစားမိခဲ့တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now