《 Chapter 58 》

1.5K 271 7
                                    

{Unicode}

အခန်း (၅၈) - အတွေ့အကြုံ

"ဘာဖြစ်ကြတာလဲ?" ရှန်မုအန်း စိုးရိမ်တကြီး မေးလိုက်တယ်။ စိတ်ပျက်အားလျော့နေတဲ့ မျက်နှာထားဖြစ်နေတဲ့ ကျီးကျီးကို သူလှမ်းကြည့်လိုက်တယ်။

ရှောင်းချီက သူ့ကလေးလေးကို တချက်ကြည့်လိုက်ပြီး၊ "မင်းဘာမင်းပဲပြောမလား၊ ဒါမှမဟုတ် ငါပဲပြောပြလိုက်ရမလား?" ရှောင်းချီတယောက် စောနက သူတို့ဖြစ်ပျက်ခဲ့တာတွေက သူ့ဘဝတလျှောက်လုံးမှာ အရှက်ရစရာအကောင်းဆုံး ကိစ္စတခု ဖြစ်လောက်တယ်လို့ ခံစားလိုက်ရတယ်။

ကျီးကျီးက သူ့အဖေရဲ့လက်ကို လွှတ်လိုက်ပြီး ရှန်မုအန်းရင်ခွင်ထဲကို ပစ်ဝင်လိုက်ကာ ဝမ်းနည်းကြေကွဲမှုတွေ ပြည့်နှက်နေတဲ့ လေသံမျိုးနဲ့ ပြောလာခဲ့တယ်၊ "သား တမင်လုပ်တာမဟုတ်ပါဘူး?"

ရှန်မုအန်းက သူ့ခေါင်းလေးကို ထိလိုက်ပြီး မေးလာခဲ့တယ်၊ "ဘာတွေဖြစ်ခဲ့လို့လဲ?"

ကျီးကျီးက စောနတုန်းက သူတို့တွေ လမ်းခွဲသွားပြီးတဲ့နောက် ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာကို ရှန်မုအန်းထံ တိတ်တဆိတ် ပြောပြလာခဲ့တယ်။ သူပြောတာက နည်းနည်းလေး လုံးလည်ချာလည်လိုက်နေပေမဲ့ ရှန်မုအန်းကတော့ ကောင်းကောင်းကြီး နားလည်လိုက်တယ်။

တခြားကလေးတွေခမျာ ကျီးကျီးကို စိုက်ကြည့်နေရင်း သူပြောနေတာတွေကို ယောင်ဝါးဝါးနဲ့ နားထောင်နေကြရှာတယ်။

လူတိုင်းနဲ့ ခွဲထွက်လာပြီးတဲ့နောက် ကျီးကျီးက သူ့အကြိုက်ဆုံးအသားကို ဝယ်ယူဖို့ သူ့အဖေဖြစ်သူအား စိတ်လှုပ်ရှားစွာနဲ့ ခေါ်ဆောင်လာခဲ့တယ်။ သို့ပေမဲ့ လမ်းတဝက်မှာဘဲ အချိုရည်ပုလင်းတွေ စီရီထားတဲ့ စင်အမြင့်ကြီးက သူ့အာရုံတွေကို ဆွဲဆောင်သွားခဲ့တယ်။

"ဖေဖေ၊ သား တလုံးလောက်လိုချင်တယ်!" ကျီးကျီးက သူ့လက်သေးသေးလေးကို ဆန့်ပြီး အမြင့်ကြီးမှာရှိတဲ့ ပုလင်းတလုံးကို လှမ်းယူချင်နေခဲ့တယ်။

ရှောင်းချီက ပုလင်းတလုံးကို အသာလေးယူပြီး ကျီးကျီးထံ လှမ်းပေးလိုက်ပေမဲ့ ကျီးကျီးက ငြင်းဆန်လိုက်တယ်။ သူက ဟိုးထိပ်ဆုံးကဟာကို လိုချင်တာလေ။ ရှောင်းချီက အဲ့ဒီပုလင်းကို သူ့အတွက် လှမ်းယူပေးလိုက်ပေမဲ့ ဒီလိုလုပ်တာကိုလည်း သူက သဘောမကျပြန်ဘူး။ သူက အဲ့ဒါကို သူ့ဘာသာသူ ယူချင်တာဖြစ်တယ်။ တကယ်လို့ ရှောင်းချီက ကျီးကျီးကို လုပ်ခွင့်မပေးဘူးဆိုရင် သူက ဒေါသတွေထွက်ပြီး စိတ်ကောက်တော့မှာဖြစ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now