《 Chapter 63 》

1.2K 262 8
                                    

{Unicode}

အခန်း (၆၃) - ချောင်းကြည့်သူ

သူ့မိဘတွေပြန်ရောက်လာချိန်မှာ ချူစစ်ယွမ်က အလွန်စိတ်လှုပ်ရှားနေခဲ့တယ်။ နောက်ဆုံးတော့ သူ့ဦးလေးနဲ့ ထပ်ပြီး အတူနေစရာမလိုတော့ဘူးလေ။ ချူစစ်ယွမ်ရဲ့မိဘတွေ အိမ်ပြန်ရောက်လာပြီးတဲ့ နောက်တနေ့မှာ ချူယီက အလျင်အမြန် ထုတ်ပိုးပြီး အိမ်ပြောင်းသွားခဲ့တယ်။

သူ့အရှိန်နှုန်းက မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှတယ်။

"ဒီဦးလေးနဲ့ တူကတော့ ဒီလောက်အကြာကြီးနေလာတာတောင် ဒီလိုဖြစ်နေတုန်းပဲ" ချူစစ်ယွမ်ရဲ့မိခင်ဖြစ်သူ၊ မင်ယောင်က ကူကယ်ရာမဲ့စွာနဲ့ သူ့ခေါင်းကို ခါယမ်းနေခဲ့တယ်။ နှစ်ယောက်သား အချိန်တွေအကြာကြီး အတူတူနေပြီးတာတောင် အခုထိ မပြေလည်ကြသေးတဲ့အကြောင်းကို သူတွေးနေမိတယ်။

ချူစစ်ယွမ်ရဲ့ဖခင်ဖြစ်သူ၊ ချူဖုန်းက ရယ်မောရင်း ပြောလာတယ်၊ "ထင်တဲ့အတိုင်းပဲမဟုတ်လား? ဒီအတိုင်းထားလိုက်စမ်းပါကွာ၊ ငါဆို သူတို့နှစ်ယောက် အဆင်ပြေပြေဖြစ်သွားအောင် လုပ်ပေးရတာကို လက်လျော့ထားလိုက်ပြီ"

မင်ယောင်က ချူစစ်ယွမ်ကို အိပ်ပျော်သွားအောင် ချော့သိပ်ပေးပြီးတဲ့နောက် သူ့ခင်ပွန်းဖြစ်သူထံ တိုးတိုးလေး ပြောလိုက်တယ်၊ "ကျွန်မ စစ်ယွမ်ရဲ့မူကြိုကျောင်းကို သွားပြီးတော့ ဆရာအန်းအန်းဆိုတာကို တွေ့ကြည့်ချင်တယ်။ ကြည့်ရတာ စစ်ယွမ်လေးက သူ့ကို တကယ်သဘောကျနေတဲ့ပုံပဲ။ အဲ့ဒီတော့ ကျွန်မလဲ အရမ်းကို သိချင်သွားတာပေါ့"

"သူ့ကိုသဘောကျတာ စစ်ယွမ်တင်မကဘူး၊ ချူယီကလဲ တအားကိုသဘောတွေကျနေတာနော်" ချူဖုန်းက သူ့အဖေ သူ့ကိုပြောခဲ့တာတွေကို တွေးရင်း ခပ်ရေးရေးပြုံးလိုက်တယ်။ နှစ်ပေါင်းများစွာ သူအမြဲတွေးနေခဲ့တာက ချူယီတယောက် တသက်လုံး လူပျိုကြီးပဲလုပ်တော့မယ်ဆိုတာပါပဲ။ သူတို့တွေ နိုင်ငံရပ်ခြားကိုသွားရမှာဖြစ်လို့ စစ်ယွမ်လေးကို စောင့်ရှောက်ဖို့ ချူယီဆီမှာ အပ်ထားခဲ့တာက သူသဘောကျတဲ့ တစုံတယောက်ကို တွေ့ဖို့ဖြစ်လာလိမ့်မယ်လို့ သူထင်မထားခဲ့မိဘူး။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now