《 Chapter 24 》

2.4K 425 11
                                    

{Unicode}

အခန်း (၂၄) - ရုပ်ပုံကားချပ်

ညဉ့်နက်နေပြီ။

ရှန်မုအန်းအိမ်ကိုပြန်ရောက်တော့ သူ့အကိုက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။ တီဗီကို အသံပိတ်ထားပြီး သူ့ရှေ့မှာ စာအုပ်တအုပ်ကို ချထားတယ်။ လေထုက နည်းနည်းလေး မသက်မသာဖြစ်နေတယ်လို့ ရှန်မုအန်းခံစားမိတယ်။

အဲ့ဒါက ရှန်မုအန်းရဲ့နှလုံးသားကို တုန်ယင်သွားစေတယ်။ သူ့အကိုကြီးက သူ့ရဲ့လျှို့ဝှက်ချက်လေးကို ရှာတွေ့သွားတာများလား?

"အကိုကြီး?" ရှန်မုအန်း သူ့ပစ္စည်းတွေကိုချပြီး လျှောက်လာတဲ့အခါ စားပွဲပေါ်မှာရှိနေတဲ့ စာအုပ်က ဇောက်ထိုးကြီးဖြစ်နေတာကို သူတွေ့လိုက်ရတယ်။

ရှန်ဖန်းချီက ခေါင်းမော့ပြီး သူ့ကိုတချက်ဝေ့ကြည့်လာတယ်၊ "ရဲတွေက မင်းအတွက် အောင်လံတံခွန်ထုတ်ပေးမယ်လို့ပြောတယ်"

"သူတို့က ကျွန်တော့်ကို ဘာလို့ အောင်လံတံခွန်ထုတ်ပေးရတာလဲ?" ဒီစကားကိုကြားတော့ ရှန်မုအန်း စိတ်အေးသွားပြီး သက်ပြင်းချလိုက်ရင်း ဆိုဖာပေါ်မှာ သက်တောင့်သက်သာနဲ့ တင်ပျဉ်ခွေထိုင်ချလိုက်တယ်။ သူ့မျက်ခွံတွေ အကြိမ်အနည်းငယ်လောက် ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတယ်။ ရုတ်တရက် သတိရသွားတာက၊ "နောက်ဆုံးအခေါက်တုန်းက အဖြစ်ကြောင့်လား?"

ရှန်ဖန်းချီက ဒီအကြောင်းကို အစမဖော်ခဲ့ဘူးဆိုရင် ဒီကိစ္စကို သူမေ့တောင်မေ့နေပြီဖြစ်တယ်။

ရှန်ဖန်းချီက အရင်တခေါက်ဗီဒီယိုကို ဖုံးဖိပစ်လိုက်ဖို့ ရဲတွေကို အထူးတလည် တောင်းဆိုပေးထားခဲ့တာဖြစ်တယ်။

"ဟုတ်တယ်" ရှန်ဖန်းချီက ခေါင်းညိတ်လိုက်ပြီး "သိပ်မကြာခင် တရားရုံးမှာ အမှုရင်ဆိုင်ရတော့မှာ၊ ဒီတခေါက်မှာ မင်းဖက်က အများကြီးစွမ်းဆောင်ပေးခဲ့တာဆိုတော့ အထက်လူကြီးတွေက မင်းကို အောင်လံတံခွန်ပေးဖို့ ဆုံးဖြတ်လိုက်ကြတာ"

"ဒါပေမဲ့ ငါကတော့ မင်းကို သွားမယူစေချင်ဘူး" ရှန်ဖန်းချီက ခပ်ပြတ်ပြတ်ပြောလာတယ်။ ရှန်မုအန်းနာမည်ကြီးလာခြင်းက ပြဿနာအကြီးကြီးတက်စေနိုင်တာကြောင့် ရှန်မုအန်းက စိတ်မသက်မသာခံစားနေရတာဖြစ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now