《 Chapter 66 》

1.3K 263 0
                                    

{Unicode}

အခန်း (၆၆) - [Untitled]

သူတို့ရဲ့အိမ်အသစ်က အခုတလော စိတ်ဖိစီးနေတဲ့ အခြေအနေအတွင်း ရောက်ရှိနေခဲ့တဲ့ ရှန်မုအန်းအား နောက်ဆုံးမှာ စိတ်သက်သာရာရစွာ အသက်ရှူနိုင်စေခဲ့တယ်၊ အထူးသဖြင့် အရင်က သူ့ကို စောင့်ကြည့်နေခဲ့တဲ့ ထိုလူကို ဖမ်းမိသွားခဲ့ပြီဆိုတာကို သိရပြီးတဲ့နောက်မှာပေါ့။

ရှန်မုအန်းနဲ့ သူ့မိသားစုဝင်တွေ ပြောင်းရွှေ့လာခဲ့ပြီဖြစ်တာကြောင့် ချူယီက ၎င်းရပ်ကွက်ရဲ့စီမံခန့်ခွဲမှုကို အထူးတလည် အင်အားဖြည့်တင်းစေပြီး အဝင်အထွက်ကိုလည်း ပိုမိုတင်းကျပ်စေခဲ့တယ်။ ရပ်ကွက်ထဲမှာ နေထိုင်တဲ့ လူတိုင်းကိုလည်း အကြမ်းဖျင်းလေ့လာဆန်းစစ်မှုတွေ ပြုလုပ်ဆောင်ရွက်ထားပြီးဖြစ်တယ်။ လတ်တလော ရှန်မုအန်းတို့အိမ်ကလွဲပြီး ဘယ်သူမှ ပြောင်းရွှေ့လာခြင်း မရှိသေးပေ။

ထို့အပြင် ရပ်ကွက်ထဲက အိမ်တွေကိုလည်း ငှားရမ်းတော့မည် မဟုတ်ချေ။

ယင်းက လူအသွားအလာကို အတော်ကြီး ကန့်သတ်နိုင်သွားမှာဖြစ်တဲ့အပြင် သူခိုး၊ ဓားပြတွေရဲ့ရန်ကနေပါ အလွန် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာဖြစ်တယ်။

ထို့အပြင် ရပ်ကွက်ရဲ့အများသူငှာ ဧရိယာတွေမှာ စောင့်ကြည့်ကိရိယာတွေကို တပ်ဆင်ထားပြီး ရပ်ကွက်အတွင်းရှိ အခြေအနေကို ထိရောက်စွာ စောင့်ကြည့်နိုင်မှာဖြစ်တယ်။ တခုခုဖြစ်ပြီဆိုတာနဲ့ လုံခြုံရေးဝန်ထမ်းတွေက ချက်ချင်းဆိုသလို တုံ့ပြန်ဆောင်ရွက်ပေးကြမှာဖြစ်တယ်။

ထို့ကြောင့် သည်ရပ်ကွက်က အကြီးအကျယ် ချီးမွမ်းခံထားရတာဖြစ်တယ်။ လူတော်တော်များများက ၎င်းရဲ့မြင့်မားလှတဲ့ ဘေးကင်းလုံခြုံရေး အဆင့်ပြကိန်းကြောင့် ထိုနေရာက အိမ်တွေကို ရွေးချယ်ဝယ်ယူကြတယ်။ ဈေးနှုန်းအနည်းငယ် ကြီးမြင့်သော်ငြား အလွန်လူကြိုက်များနေဆဲဖြစ်တယ်။ ရှန်မုအန်း ဒီနေရာမှာ အိမ်တလုံး ဝယ်နိုင်တဲ့ အကြောင်းရင်းကတော့ ချူယီရဲ့ကျေးဇူးကြောင့်ပါပဲ။ သူ့ကြောင့် လက်ရှိအိမ်လေးကို ဈေးသက်သက်သာသာနဲ့ အဆင်ပြေပြေ ဝယ်နိုင်ခဲ့တာဖြစ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now