《 Chapter 32 》

2.1K 368 3
                                    

{Unicode}

အခန်း (၃၂) - တော်တော်လေး တူပါတယ်!

ဆရာမရှတယောက် ရှန်မုအန်းစားပွဲပေါ်က သေချာထုပ်ပိုးထားတဲ့ စတော်ဘယ်ရီသီးတွေကို လှမ်းကြည့်ရင်း သိချင်စိတ်နဲ့ အရှေ့ကိုငုံ့ကိုင်းပြီး မေးလာတယ်၊ "အဲ့ဒါ ဆရာ့ကို ဘယ်သူပေးတာလဲဟင်?"

"လူပျိုလှည့်သူ အသစ်လေးများလား?"

ဆရာမရှရဲ့မျက်နှာပေါ်မှာ 'အတင်းအဖျင်း' ဆိုတဲ့ စာလုံးကြီးတလုံး ရှိနေတယ်၊ သူမရဲ့စပ်စုချင်စိတ်တွေကို မဖုံးမဖိနိုင်တော့ဘဲ အလွယ်တကူ ဖော်ပြနေခဲ့မိတယ်။

ရှန်မုအန်းက ဆရာမရှရဲ့အတင်းအဖျင်း လမ်းကြောင်းတွေကို လျစ်လျူရှုထားပြီး စတော်ဘယ်ရီဘူးကိုပဲ ကြည့်နေမိတယ်။ သူ ခဏလောက် စဉ်းစားကြည့်လိုက်တော့ ဒီလိုဘူးမျိုး သူအရင်က မြင်ဖူးခဲ့တာကို သတိရသွားတော့တယ်။

ရှန်မုအန်းက သူ့ကိုလျစ်လျူရှုထားပြီး ဂရုစိုက်မနေတာကို ဆရာမရှ သိလိုက်တယ်။ ရှန်မုအန်းရဲ့အေးစက်မှုက အတင်းပြောချင်နေတဲ့ သူမရဲ့တက်ကြွနေတဲ့စိတ်တွေကို မငြှိမ်းသတ်နိုင်ခဲ့ချေ။

ရှန်မုအန်း ခဏလောက် တွေးကြည့်လိုက်ပြီး နောက်ဆုံးမှာ အရင်က ချူယီတယောက် ဒီဟာနဲ့တထပ်တည်းတူတဲ့ စတော်ဘယ်ရီဘူးတဘူး သူ့ကိုပေးဖူးတာကို မှတ်မိသွားခဲ့တယ်။ သူ့မိုဘိုင်းဖုန်းကို ကောက်ကိုင်ပြီး စားပွဲပေါ်က စတော်ဘယ်ရီတွေကို ဓာတ်ပုံရိုက်ကာ ၎င်းဓာတ်ပုံကို ချူယီ့ထံ ပို့လိုက်တယ်။

ရှန်မုအန်း : ဒီစတော်ဘယ်ရီသီးတွေကို ခင်ဗျား တယောက်ယောက်နဲ့ ကျွန်တော့်ဆီ ပို့ခိုင်းလိုက်တာလား?

ရုံးခန်းထဲမှာ စာရွက်စာတမ်းတွေ ကိုင်တွယ်ဖြေရှင်းနေတဲ့ ချူယီက ဒီစာကိုမြင်ပြီး သူ့လက်ထဲက စာရွက်တွေကို ချလိုက်တယ်။ အစကတော့ ဒီအကြောင်းကို ရက်အနည်းငယ်လောက် မပြောဘဲထားပြီး ရှန်မုအန်းကို စပရိုက်လုပ်ဖို့ စီစဉ်ထားတာဖြစ်တယ်။ ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး သူသိသွားရတာလဲ?

ချူယီ အတန်ကြာ တွေးတောပြီးမှ ဝန်ခံလိုက်တယ်။

ဒါက ချူယီ့ဆီကမှန်း အတည်ပြုပြီးတဲ့နောက် ရှန်မုအန်း စိတ်သက်သာရာသွားခဲ့တယ်။ ဘယ်ကမှန်းမသိဘဲ ရောက်လာတဲ့ ပစ္စည်းတွေကို သူအမြဲစိတ်မသက်မသာဖြစ်လေ့ရှိပြီး ၎င်းအရာတွေအပေါ် သတိကြီးကြီးထားတတ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now