《 Chapter 49 》

1.6K 316 4
                                    

{Unicode}

အခန်း (၄၉) - ရန်ပွဲ

ရှန်မုအန်း ထထိုင်လိုက်ပြီး လက်အိတ်ဖြူလေးကို ဆိုဖာထောင့်နား လှိမ့်ချလိုက်ရင်း တံခါးဆီက လှုပ်ရှားသံကို နားထောင်နေခဲ့တယ်။ လက်အိတ်ဖြူလေးက သူ့မျက်လုံးတွေကို ဖွင့်ပြီး ဟိုကြည့်ဒီကြည့်လုပ်ကာ အိပ်ရာအနေအထားကျအောင် ပြန်ပြင်ပြီး ဆက်အိပ်နေလေတယ်။

တံခါးဆီက လှုပ်ရှားသံက ကျယ်သထက်ကျယ်လောင်လာခဲ့တယ်။ ရှန်မုအန်းခြေဗလာနဲ့ ကြမ်းပေါ်ကို ဖွဖွလေး နင်းလိုက်တယ်။ သူလျှောက်လာပြီး တံခါးအပေါက်လေးကနေ အပြင်ကို ချောင်းကြည့်လိုက်တယ်။ တံခါးဝမှာ အနက်ရောင်မိုးကာအင်္ကျီ ဝတ်ဆင်ထားတဲ့ လူတယောက်က လက်ထဲမှာ ဘာမှန်းမသိတဲ့အရာတခုကို ကိုင်ရင်း မတ်တပ်ရပ်နေတယ်။

"သော့ယူလာဖို့ မေ့ပြန်ပြီလား?" ရှန်မုအန်း တံခါးအပြင်မှာ မတ်တပ်ရပ်နေတဲ့လူကို အလွယ်တကူ မှတ်မိသွားခဲ့တယ်။ တံခါးဖွင့်ပေးပြီး သူ့ကုတ်အင်္ကျီကို တင်းတင်းစိထားတဲ့ ရှန်ဖန်းချီကို သူစိုက်ကြည့်လိုက်တယ်။ ရှန်မုအန်း သူ့အကိုကြီးရဲ့လက်ရှိစိတ်ခံစားမှုတွေက နည်းနည်းထူးဆန်းနေသလို ခံစားနေရတယ်။

တကယ်ကြီးလား... တခုခုများဖြစ်လာလို့လား?

ရှန်ဖန်းချီက နှုတ်ဆိတ်နေမြဲပင်။ သူ့လက်တွေကိုဆန့်ပြီး ရှန်မုအန်းကို ပွေ့ဖက်လိုက်တယ်။ မိုးကာအင်္ကျီပေါ်မှာ တင်ကျန်နေတဲ့ မိုးရေတွေက ရှန်မုအန်းရဲ့ညဝတ်အင်္ကျီကို စိုစွတ်သွားစေခဲ့တယ်။

ရှန်မုအန်းခမျာ ဒီအပြုအမူကြောင့် အံ့အားသင့်သွားခဲ့ပေမဲ့ မိုးရေတွေစိုနေတာကို လုံးဝဂရုမစိုက်ဘဲ သူ့အကိုကြီးကို ပြန်ဖက်ထားလိုက်တယ်။ ဘာဖြစ်လာမှန်း သူ မသိပေမဲ့ လောလောဆယ် သူ့အကိုကြီး အရမ်းဝမ်းနည်းနေတယ် ဆိုတာကိုတော့ သူခံစားမိနေတယ်။

ခဏကြာပြီးနောက် ရှန်ဖန်းချီက နောက်ဆုံးမှာ သူ့ပါးစပ်ကို စတင်ဖွင့်ဟလာခဲ့တယ်။

"ဒီနေ့... ဒီနေ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ရဲအရာရှိတယောက်ကို ငါတို့ဆုံးရှုံးလိုက်ရတယ်" ရှန်ဖန်းချီရဲ့စိတ်ခံစားချက်တွေက ဝမ်းနည်းပူဆွေးမှုတွေ ပြည့်နှက်နေခဲ့တယ်။ သေဆုံးသွားတဲ့ ရဲအရာရှိနဲ့ သူ မရင်းနှီးဘူးဆိုပေမဲ့ သူတို့ရဲ့နှလုံးသားတွေကတော့ အတူတူပဲဖြစ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now