《 Chapter 52 》

1.6K 315 3
                                    

{Unicode}

အခန်း (၅၂) - နည်းလမ်းရှာခြင်း

ရှန်မုအန်းက သူ့ရဲ့စိုးရိမ်ကြောင့်ကြမှုတွေကို ချူယီ့ထံ ပြောပြလာခဲ့ပြီး သူ့အနီးနားဝန်းကျင်ကို နည်းနည်းပိုပြီး အာရုံစိုက်သင့်တယ်လို့ ပြောကြားလာခဲ့တယ်။ ချူယီက သဘောတူလိုက်ပြီး သူ့ခေါင်းကို လှည့်လိုက်တယ်။ ကျွမ်းယိရန်က ဘယ်သူလဲဆိုတာကို တစုံတယောက်ကို သူစုံစမ်းခိုင်းလိုက်တယ်။

ချူယီရဲ့အရည်အချင်းကြောင့် လူတယောက်ရဲ့အချက်အလက်ကို ရှာဖွေရတာက အလွန်ရိုးရှင်းလွယ်ကူလှတယ်။ ၂၄ နာရီမပြည့်ခင်မှာဘဲ ကျွမ်းယိရန်ရဲ့အချက်အလက်တွေက သူ့စားပွဲပေါ်ကို ရောက်နေခဲ့ပြီဖြစ်တယ်။

ကျွမ်းယိရန်ရဲ့အချက်အလက်တွေကို ဖတ်ပြီးနောက် ချူယီတယောက် မျက်မှောင်ကြုတ်မိသွားခဲ့တယ်။ ရှန်မုအန်း ဘာလို့ အဲ့ဒီအမူအရာဖြစ်သွားရတာလဲဆိုတာကို သူအခုနားလည်သွားပြီဖြစ်တယ်။

ချူယီအနေနဲ့ အန်းအန်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိတယ်။ သူက ကျွမ်းယိရန်ကို သူ့သူငယ်ချင်းအဖြစ် သတ်မှတ်ထားခဲ့ပေမဲ့ ဒီလိုလူမျိုး ဖြစ်လာခဲ့တယ်။

ရှန်မုအန်းသိထားတာတွေက ဒီအရာတွေရဲ့တစိတ်တပိုင်းမျှသာဖြစ်တယ်။ ချူယီ့လက်ထဲမှာရှိနေတဲ့ အချက်အလက်တွေထဲမှာ ရှန်မုအန်း လုံးဝ မသိသေးတဲ့ ကျွမ်းယိရန်ရဲ့ပိုမိုကြောက်စရာကောင်းတဲ့ အကြောင်းအရာတချို့ပါ ပါဝင်နေခဲ့တယ်။

"ကျွမ်းယိရန်ကို စောင့်ကြည့်ဖို့ လူနည်းနည်းလွှတ်ထားလိုက်၊ သူ့ကို အန်းအန်းအနား လုံးဝ မကပ်စေနဲ့" ချူယီက စားပွဲပေါ်က အချက်အလက်တွေကို လွှင့်ပစ်လိုက်ပြီး သူ့ဘေးမှာရှိနေတဲ့ လက်ထောက်ဖြစ်သူက ခေါင်းညိတ်ပြလိုက်ကာ အဆိုပါကိစ္စကို ရေးမှတ်ထားလိုက်တယ်။

ရှန်မုအန်းက ထုံးစံအတိုင်း သူမုန်းတဲ့လူတွေက သူ့နှလုံးသားကို လွှမ်းမိုးနိုင်ခွင့်မပေးထားတာကြောင့် ကျွမ်းယိရန်ကိစ္စကို မြန်မြန်ဆန်ဆန်ပဲ သူမေ့ပစ်လိုက်တော့တယ်။

ထို့အပြင် လတ်တလော မူကြိုကျောင်းမှာ မိဘ-ကလေးလှုပ်ရှားမှုလေးတွေ လုပ်ဆောင်နေပြီး အလုပ်များနေတဲ့အချိန်ဖြစ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now