《 Chapter 46 》

1.9K 360 6
                                    

{Unicode}

အခန်း (၄၆) - မကျေမနပ်ဖြစ်ခြင်း

ရှန်ဖန်းချီတယောက် ဉာဉ့်နက်တဲ့အထိ အလုပ်တွေများနေခဲ့တယ်။ သူက နေ့စဉ်နေ့တိုင်း ရဲစခန်းမှာနေပြီး ရှန်မုအန်း၊ ယွေ့ယွေ့နဲ့ လက်အိတ်ဖြူလေးတို့ကို အိမ်မှာပဲ ပစ်ထားခဲ့တယ်။

ယွေ့ယွေ့က လက်အိတ်ဖြူလေးကို တအားသဘောကျတယ်။ သူထမင်းစားတဲ့အချိန်မှာတောင် ကြောင်လေးရဲ့အစာခွက်ကို သူထိုင်တဲ့ထိုင်ခုံဘေးနားယူလာပြီး နှစ်ယောက်အတူတူစားသောက်ကြတယ်။

လက်အိတ်ဖြူလေးက သူ့အစာကို နှစ်လုတ်လောက်စားပြီးနောက် ရှေ့ခြေနှစ်ချောင်းကို စားပွဲပေါ်မှာထောက်ပြီး မတ်မတ်ရပ်လိုက်တယ်။ အဲ့ဒီလိုလုပ်ရင်းနဲ့ သူက အစားအစာတွေကို စူးစူးစိုက်စိုက် ကြည့်နေတယ်။ ထို့နောက် လက်အိတ်ဖြူလေးက သူ့ပါးစပ်သူလျက်ပြီး စားပွဲပေါ် ခုန်တက်လိုက်တယ်။ သူ့လက်သည်းတွေက စားပွဲပေါ်မှာရှိနေတဲ့ စားစရာတွေဆီကို လှမ်းလိုက်တာနဲ့တပြိုင်နက် ကြောက်စရာကောင်းတဲ့ လေထုတခုကို အနံ့ခံမိသွားပြီး စားပွဲအောက်က ရှန်မုအန်းရဲ့ခြေထောက်ပေါ်မှာ ချက်ချင်း ပုန်းနေလိုက်တယ်။

ယွေ့ယွေ့က လက်အိတ်ဖြူလေးရဲ့တုံ့ပြန်မှုကြောင့် အံ့အားသင့်နေခဲ့တယ်။ စားပွဲအောက်မှာရှိနေတဲ့ လက်အိတ်ဖြူလေးကို သူလှမ်းကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်တယ်၊ "ကိုကိုအန်းအန်း၊ လက်အိတ်ဖြူလေး ဘာဖြစ်သွားတာလဲဟင်?"

"ချူယီ့ကို ကြောက်လို့လေ!" ရှန်မုအန်း နည်းနည်းစိတ်ညစ်ရပေမဲ့ နည်းနည်းလည်းရယ်ရတယ်ဆိုတာကို တွေ့ရှိလိုက်ရတယ်။ သူက လက်အိတ်ဖြူလေးကို သူ့ရင်ခွင်ထဲထည့်ပြီး၊ "ယွေ့ယွေ့၊ တံခါးသွားဖွင့်ပေးလိုက်ပါအုံး"

"ဟုတ်" ယွေ့ယွေ့က စားပွဲအောက်ခြေကနေ ထရပ်လိုက်ပြီး တံခါးဆီ ပြေးသွားခဲ့တယ်။ သူတံခါးဖွင့်လိုက်တာနဲ့ တံခါးဝရှိ လူခေါ်ခေါင်းလောင်းကို နှိပ်နေတဲ့ ချူယီ့ကို တွေ့လိုက်ရတယ်။

ချူယီက အံ့ဩတကြီး မေးလာတယ်၊ "မင်းအိမ်ပြန်သွားတယ်မဟုတ်ဘူးလား?" ယွေ့ယွေ့က ရှန်မုအန်းတို့အိမ်မှာ နေဖို့ ဆုံးဖြတ်ထားပြီးပြီဆိုတာကို သူ မသိဘူး။ ကလေးက လောလောဆယ် သူ့အိမ်ကိုပြန်ဖို့ပြင်နေတယ်လို့ပဲ သူထင်ထားတာ။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now