《 Chapter 44 》

1.7K 361 6
                                    

{Unicode}

အခန်း (၄၄) - ယွေ့ယွေ့လေးရဲ့ပန်းတိုင်

မကြာခင်မှာပဲ ယွေ့ယွေ့မိဘတွေရဲ့ဈာပနအခမ်းအနားနေ့ကို ရောက်ရှိလာခဲ့တယ်။

မနက်အစောကြီး ရှန်မုအန်းက အိပ်ယာကနေထပြီး ယွေ့ယွေ့လေးဝတ်ဖို့အတွက် အနက်ရောင် suit ဝတ်စုံ အသေးတစုံကို ရှာဖွေလိုက်တယ်။ ယွေ့ယွေ့ခမျာ အိပ်ယာနိုးကတည်းက အလွန်အမင်း စိတ်ခံစားချက်တွေ ညှိုးနွမ်းနေခဲ့ပြီဖြစ်တယ်။

သို့ပေမဲ့ ယွေ့ယွေ့က မငိုခဲ့ဘူး။ ငိုတာက ဘာမှအသုံးမဝင်ဘူးဆိုတာကို သူသိနေခဲ့တယ်။ သူ့မိဘတွေရဲ့သေဆုံးမှုကို သူ လုံးလုံး လက်မခံနိုင်သေးဘူးဆိုသော်ငြား အရင်လို မဟုတ်တော့ချေ။

သူ့ဘေးမှာရှိနေတဲ့ ရှန်မုအန်းကို စိုက်ကြည့်လိုက်တော့ ယွေ့ယွေ့တယောက် ယုံကြည်ချက်တချို့ရှိသွားသလိုမျိုး ကြောက်နေပေမဲ့လည်း နည်းနည်းသက်သာသွားသလို ခံစားလိုက်ရတယ်။

ရှန်မုအန်း ယွေ့ယွေ့ရဲ့လက်ကိုကိုင်ထားပြီး သူနဲ့အတူ အောက်ထပ်ကို ဆင်းလာချိန်မှာ ရှန်ဖန်းချီက သူတို့ကို အရှေ့မှာ စောင့်နေနှင့်ပြီဖြစ်တယ်။

လမ်းတလျှောက် သုံးယောက်သား စကားလုံးဝမပြောကြဘဲ အလွန်တိတ်ဆိတ်နေကြတယ်။

ယွေ့ယွေ့က ရှန်မုအန်းရဲ့လက်ကို ဆုပ်ကိုင်ထားမြဲဖြစ်တယ်။ ဒီလိုလုပ်တာက သူ့ကို သတ္တိတွေ ပိုရှိလာစေတယ်လို့ ခံစားရစေတယ်။

ဈာပနအခမ်းအနားမှာ လူတွေအများကြီးပဲဖြစ်တယ်။ ၎င်းတို့ထဲက အနည်းငယ်လောက်က ယွေ့ယွေ့ကို သိကျွမ်းကြပေမဲ့ ကွယ်လွန်သူနှစ်ယောက်က တကယ့်ကို လူကောင်းတွေဖြစ်ကြတာကြောင့် ယွေ့ယွေ့ရဲ့မိဘနှစ်ပါးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ရောက်လာခဲ့ကြတာဖြစ်တယ်။

ယွေ့ယွေ့ရဲ့အဖေနဲ့အမေက အလွန်နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သူတွေဖြစ်တယ်။ ၎င်းတို့က သူတို့ပတ်ဝန်းကျင်က လူတွေကို တတ်နိုင်သလောက် ကူညီပေးလေ့ရှိတာကြောင့် သူတို့နဲ့ အိမ်နီးချင်းတွေရဲ့ဆက်ဆံရေးက အလွန်ကောင်းမွန်လှတယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now