《 Chapter 54 》

1.5K 305 7
                                    

{Unicode}

အခန်း (၅၄) - ဖျော်ဖြေတင်ဆက်မှု

မူကြိုကျောင်းရဲ့မိဘ-ကလေး လှုပ်ရှားမှုနေ့ကို စတင်ကျင်းပတော့မှာဖြစ်တယ်။ ရှန်မုအန်းနဲ့ တခြားဆရာ၊ ဆရာမတွေက ကလေးတွေကို ခေါ်ဆောင်လာပြီး စာသင်ခန်းကို အလှဆင်ဖို့အတွက် စက္ကူအရုပ်တွေကို ပြုလုပ်စေခဲ့တယ်။

ကလေးတွေက အလွန်စိတ်လှုပ်ရှားနေခဲ့ကြတယ်။ သူတို့ရဲ့စိတ်ကူးစိတ်သန်းတွေကို အပြည့်အဝ ထုတ်ဖော်ပြလာပြီး စာသင်ခန်းကို နတ်သမီးပုံပြင်ကမ္ဘာတခုလိုမျိုး အလှဆင်ခဲ့ကြတယ်။

စက္ကူနဲ့လုပ်ထားတဲ့ စနိုးဝှိုက်၊ ပလတ်စတစ်နဲ့လုပ်ထားတဲ့ ငှက်ငယ်လေးအပြင် တခါသုံး အကြည်ရောင်ဘူးတွေနဲ့လုပ်ထားတဲ့ အကြည်ရောင်ခေါင်းတလားတခုတို့နဲ့ အခန်းကို အလှဆင်ထားကြတယ်။ သစ်သားစိမ်းအစအနလေးတွေလည်း ရှိတာကြောင့် ကလေးတွေက သစ်တောထဲမှာ ဘာတွေဆွဲရင်ကောင်းမလဲဆိုတာကို ဆွေးနွေးနေကြတယ်။

ပျော်ရွှင်တက်ကြွနေတဲ့ ကလေးတွေကိုကြည့်ရင်း ရှန်မုအန်းရဲ့စိတ်အခြေအနေကလည်း ကြည်လင်ရွှင်ပျလာခဲ့တယ်။ ကလေးတွေရဲ့ဆွေးနွေးမှုတွေကို သူသေချာနားထောင်ထားခဲ့တယ်၊ သူတို့လေးတွေက တအားကို စိတ်လှုပ်ရှားနေကြတာကြောင့် အလွယ်တကူ ရန်ထမဖြစ်လေအောင် သူအာရုံစိုက်ထားမှဖြစ်မယ်။

ကလေးတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်တာက သာမန်ပဲဖြစ်တယ်။ ကွဲလွဲမှုတွေကို သူတို့ဘာသာသူတို့ မဖြေရှင်းနိုင်ကြဘူးဆိုရင် ကြားဝင်ဖြေရှင်းပေးဖို့အတွက် ဆရာတယောက်ကို သူတို့လိုအပ်လာလိမ့်မယ်။

သို့ပေသည့် ဒီနေ့တော့ အားလုံးအဆင်ပြေနေတယ်၊ ​​သူတို့လေးတွေအကုန် အလွန်အမင်း စိတ်လှုပ်ရှားနေကြတယ်လေ။

မိဘ-ကလေး လှုပ်ရှားမှုနေ့ဆိုတာ ပြိုင်ပွဲသက်သက်ချည်းဘဲ မဟုတ်ပါဘူး။ ထိုနေ့မှာ အခြားသော လှုပ်ရှားမှုတွေကိုလည်း စီစဉ်ထားတာဖြစ်တယ်။ မိဘတွေအနေနဲ့ မူကြိုကျောင်းက အတန်းတွေကို လေ့လာခွင့်ရရှိကြမှာဖြစ်ပြီး ကလေးတွေရဲ့ပုံမှန်လှုပ်ရှားမှုတွေကိုပါ မြင်တွေ့ကြရမှာဖြစ်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now