《 Chapter 1 》

8.5K 871 12
                                    

{Unicode}

အခန်း (၁) - ကလေးအသစ်

"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာစက်ပိတ်ထားပါတယ်ရှင်"

ဖုန်းထဲကနေ အမျိုးသမီးစက်ရုပ်အသံတစ်ခု ထွက်ပေါ်လာတယ်။ ဒီအသံကိုကြားလိုက်ရချိန်မှာ ရှန်မုအန်းတစ်ယောက် အနည်းငယ် စိတ်ရှုပ်သွားမိတယ်။

အခုလေးတင် မူကြိုကျောင်းရဲ့ကျောင်းအုပ်ကြီးက ဒီနေ့ နှင်းဆီအတန်းကို ကလေးအသစ်တစ်ယောက် ရောက်လာလိမ့်မယ်လို့ သူ့ကိုပြောထားပေမယ့် ဒီအကြောင်းပြောပြီးပြီးချင်းမှာပဲ ဖုန်းကျသွားခဲ့တယ်။ ရှန်မုအန်းက သူ မတော်တဆ ဖုန်းချလိုက်မိတယ်လို့ထင်တဲ့အတွက် သူဖုန်းပြန်ခေါ်လိုက်တယ်။ သူရလိုက်တာကတော့ တစ်ဖက်လူက ဖုန်းပိတ်သွားပြီဆိုတာပါပဲ။

အဲ့ဒါကြောင့် သူ့ခမျာ အတော်လေး ကသိကအောက်ဖြစ်ရတဲ့အနေအထားမှာရှိတယ်။ ဒီနေ့ ကလေးအသစ်တစ်ယောက် ရောက်လာမှာကလွဲလို့ ကျန်တာသူဘာမှမသိဘူး။

ဒါက ရှန်မုအန်းတစ်ယောက် ဤနေရာမှာအလုပ်လုပ်နေရင်း ဒီနှစ်ထဲမှာ သူကြုံတွေ့ခဲ့တာတွေထဲက အကြီးမားဆုံးပြဿနာတစ်ခုပဲလို့ သူခံစားမိတယ်။ ဒါကြောင့် ကလေးရဲ့အချက်အလက်တွေကို စစ်ဆေးကြည့်ဖို့ မှတ်တမ်းဌာနကို အရင်သွားခဲ့ပေမယ့် ဘာမှရှာမတွေ့ခဲ့ဘူး။ တခြားဆရာ၊ ဆရာမတွေကို သူသွားမေးကြည့်ပြန်တော့လည်း ဒီအကြောင်းနဲ့ပတ်သတ်ပြီး သိတဲ့သူတစ်ယောက်မှမရှိပြန်ဘူး။

ဒါဆို ဒီကလေးအတွက် ကျောင်းကိုယာယီတက်ဖို့လောက်ပဲ ဆုံးဖြတ်ထားကြတာလား?

ရှန်မုအန်းတစ်ယောက် ခေါင်းနည်းနည်းကိုက်လာခဲ့ပေမယ့် သူ ဒါကိုလျစ်လျူမရှုလိုက်နိုင်ဘူး။ အတန်းထဲက ကလေးတွေကိုကြည့်ထားပေးဖို့ သူ တစ်ခြားဆရာတွေကို အကူအညီတောင်းပြီး မူကြိုကျောင်းဂိတ်ဝမှာ သွားစောင့်နေခဲ့တယ်။

ဒီနေ့ရဲ့ဂြိုလ်ကောင်လေးကိုတွေ့ရဖို့ ရှန်မုအန်းစိုးရိမ်နေမိတယ်။ သူဘယ်လောက်ကြာကြာစောင့်ရမလဲ ဆိုတာလည်း သူ မသိဘူး။

သူ့လက်ထဲမှာ မိုဘိုင်းဖုန်းကိုကိုင်ထားရင်း တံခါးနားက အေးတဲ့နေရာတစ်ခုမှာ ပုန်းနေလိုက်တယ်။ မကြာမကြာဆိုသလို၊ ကျောင်းအုပ်ကြီးကို သူဖုန်းခေါ်နေခဲ့ပေမယ့် ကျောင်းအုပ်ကြီးရဲ့မိုဘိုင်းဖုန်းကတော့ ပိတ်ထားဆဲပင်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now