《 Chapter 12 》

3K 550 8
                                    

{Unicode}

အခန်း (၁၂) - မနာလိုမှု

ရှောင်းရူကျီး (ကျီးကျီး) တယောက် နံနက်အစောကြီး အိပ်ယာကနေထပြီး သူ့မိဘတွေကိုသွားရှာကာ သူကျောင်းသွားချင်နေပြီလို့ အော်ဟစ်တောင်းဆိုလာတယ်။

သူ့မိဘတွေက ကျောင်းသွားဖို့အရေး သူဒီလောက်စိတ်လှုပ်ရှားနေတာကိုမြင်ရတာ ဒါပထမဆုံးအကြိမ်ပဲဖြစ်တယ်။ ဖေဖေရှောင်းက အချိန်တချက်ကြည့်လိုက်တယ်။

မနက် ၅နာရီ ၅၇မိနစ်။

"... ကျီးကျီးရာ၊ အစောကြီးရှိသေးတယ်လေကွာ၊ မူကြိုကျောင်းတောင် မဖွင့်လောက်သေးဘူး" ဖေဖေရှောင်းက သူ့မိန်းမကို ပိုတိုးဖက်လိုက်ရင်း နည်းနည်းလောက်ထပ်အိပ်ချင်နေတယ်။

ကျီးကျီးက သူ့လက်နှစ်ဖက်လုံးရော ခြေထောက်တွေကိုပါသုံးပြီး ခုတင်ပေါ်တက်ကာ သူ့မိဘတွေကြားထဲ ဝင်အိပ်လိုက်တယ်။ သူအလေးအနက် ပြောလာတယ်၊ "ဒါပေမဲ့ သားက ဒီနေ့ ဆရာအန်းအန်းကို စောစောလေးတွေ့ချင်လို့ပါ"

"အခုချိန်လောက်ဆို ဆရာအန်းအန်းလဲ နားနေလောက်ရောပေါ့။ အိပ်တော့။ မေမေ ခဏနေရင်နှိုးမယ်နော်၊ ဟုတ်ပြီလား?" မေမေရှောင်းက အိပ်ချင်မူးတူးပြောပြီး ရှောင်းရူကျီးရဲ့နှဖူးလေးကိုနမ်းကာ စောင်ခြုံပြီး ပုတ်ပေးကာ ပြန်အိပ်ဖို့ပြင်လိုက်တယ်။

ကျီးကျီးရဲ့အတွေးကတော့ ဆရာအန်းအန်းက နားနေတုန်းဆိုရင်လည်း သူနည်းနည်းလောက် ထပ်အိပ်လိုက်ပါမယ်လေ!

ဒီလိုတွေးလိုက်ရုံနဲ့တင် ကျီးကျီးတယောက် သူ့အမေရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားပါတော့တယ်။

ကျီးကျီးက ကောင်းကောင်းအိပ်ပျော်သွားပေမဲ့ သူ့အဖေက နည်းနည်းစိတ်ပျက်သွားခဲ့တယ်။ ဒီကောင် ငါ့မိန်းမကို လာခိုးဖို့များရည်ရွယ်ထားတာလား?

အရေးအကြီးဆုံးအချက်ကတော့ သူ့ကိုဆွဲမထုတ်နိုင်တာပါဘဲ... ဒါကိုတွေးမိပြီး ဖေဖေရှောင်းက နည်းနည်းလောက်လေး ဝမ်းနည်းသွားရတယ်။

သူတခြားဘာလုပ်နိုင်မှာမို့လို့လဲ? ကိုယ့်ကလေးကိုယ် လွှင့်ပစ်လို့မှမရတာ။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now